ယမန်နေ့ည က မြဝတီဖြစ်စဉ်သတင်းတက်လာတာကို တွေ့ရတယ်။ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးမှူး အပါအဝင် ၅ဦး သေဆုံးခဲ့ရတယ်။ မြဝတီခရိုင်ရဲမှူးကြီးအပါအဝင် (၅)ဦး စိုးရိမ်ရအနေအထား ဒဏ်ရာရရှိခဲ့တယ်။ ရဲတပ်ဖွဲ့ဝင် (၆)ဦး ဒဏ်ရာရရှိခဲ့တယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ နီးစပ်တဲ့သူတွေရဲ့ သတင်းဖော်ပြချက်တွေမှာတော့ ရန်သူကို မိတ်ဆွေအဖြစ် ရှုမြင်သရွှေ့ နိုင်ငံဝန်ထမ်းတွေ နည်းလမ်းအမျိုးမျိုး နဲ့ သတ်ဖြတ် လုပ်ကြံခံနေကြရမှာ ဖြစ်တယ်။ ကြေးနန်း ပေါက်ခြင်း၊ အသံဖိုင်များပေါက်နေခြင်း၊ အစည်းအဝေး ပြုလုပ်မည့် အချိန် နှင့် အစည်းအဝေး ပြီးဆုံးသည့် သတင်း ရန်သူထံ ပေါက်နေခြင်း တို့ကို ထောက်ပြရေးသားထားတာမျိုးတွေ တွေ့မြင်လာရပါတယ်။
ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ဆိုးတွေ ကြုံတွေ့လာရတော့မှ ထောက်ပြပြောဆိုရတာလည်း ကောင်းတော့ မကောင်းပါဘူး။ကြိုတင်ကာကွယ်ခြင်းနည်းလမ်းဟာ အကောင်းဆုံးလို့ ဆိုသည့်တိုင်အောင် အကြမ်းဖက်အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်စွမ်း မရှိဘူး။ အခုလို အစုလိုက် အပြုံလိုက် သေဆုံးရတော့မှ ယူကြုံးမရ အပူလုံးကြွဖြစ်ခဲ့ရတာတွေချည်းပါပဲ။
ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF က ဖြစ်စေ၊ ပြည်ပြေး ဝရမ်းပြေး NUG နဲ့ လက်တွဲဆောင်ရွက်နေတဲ့ KNU, KNLA, KIA, CDF, KNPP, KNDF မည်သို့သော အကြမ်းဖက်အဖွဲ့က ဖြစ်စေ အပြစ်မဲ့ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့လည်း ဝန်မလေးသလို အစိုးရဝန်ထမ်းတွေကိုလည်း အစုလိုက် အပြုံလိုက် သတ်ပစ်ဖို့ ဝန်မလေးပါဘူး။ မြဝတီဖြစ်စဉ် သေဆုံးဒဏ်ရာရရှိမှု သတင်းတွေ ထွက်ပေါ်လာတယ်ဆိုရင်ပဲ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်ဝါဒီတွေ အောင်ပွဲခံနေကြပြီ။
ဒီကာလဟာ ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ဝန်ထမ်းနဲ့ ပြည်သူတွေအတွက် အလွန်အန္တရာယ်များတဲ့ ကာလဖြစ်ပါတယ်။ ရန်သူ မိတ်ဆွေ ခွဲခြားရခက်ခဲတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဝန်ထမ်းအဖွဲ့အစည်းထဲမှာ ရှိနေတဲ့ ဖရဲသီးတွေကလည်း ကိုယ့်လုပ်ဖော်ကိုင်ဖက် အချင်းချင်း သေကြောင်းကြံဖို့ ဝန်မလေးသလို တပ်တွင်း ဖရဲသီးများကလည်း ကိုယ့်ရဲဘော်ရဲဘက်အချင်းချင်း သေကြောင်းကြံတဲ့ ဖြစ်စဉ်တွေ စိတ်မချမ်းမြေ့ဖွယ် ကြားသိရတယ်။ ပြည်သူတွေကြားထဲမှာလည်း အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ပါပြီး အကြမ်းဖက်သမားများအဖြစ်နဲ့ ကိုယ့်ရွာသူရွာသားအချင်းချင်း ရက်စက်စွာ သတ်ဖြတ်မှုတွေ မမြင်ချင်အဆုံး တွေ့မြင်ခဲ့ရပြီ မဟုတ်ပါလား။
အကြမ်းဖက်နှိမ်နင်းရေးကို အဓိက တာဝန်ယူလုပ်ဆောင်နေရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေမှာလည်း အင်မတန် အန္တရာယ်များတယ်။ အကြမ်းဖက်သမား ရှိနေတဲ့ နေရာ ဂိတ်ဖွင့်ပြီး တောင်းနေတာကို သိပါလျက်နဲ့ ညွှန်ကြားချက်မရရင် သွားရှင်းလို့ မရဘူးဆိုတဲ့ အခြေအနေမျိုးတွေ ရှိတယ်။ မုံရွာမြို့နယ် မလှမ်းမကမ်းမှာ PDF တွေက ဂိတ်ဖွင့်ပြီး ဆက်ကြေးတောင်းနေတယ်။ ညွှန်ကြားချက်မရတော့ ရှင်းလို့ မရဘူး။ ရေစကြိုမြို့နဲ့ ပခုက္ကူကြားမှာ အကြမ်းဖက်သမားတွေက မကြာခဏ ဆက်ကြေးတက်တောင်းနေတယ်။ ပခုက္ကူတပ်ကလည်း လာမရှင်းသလို ရေစကြိုတပ်ကလည်း မရှင်းပါဘူး။ သေနတ်ကိုင်ပြီး ရမ်းကားနေတဲ့ PDF ဂိတ်တွေကို ဖြတ်သန်းသွားလာနေရတဲ့ ပြည်သူတွေမှာ အချိန်မရွေး သေဘေးတွေ့နိုင်ပါတယ်။
ကရင်ပြည်နယ်ထဲက အချို့သောမြို့နယ်တွေမှာ နယ်မြေခံ သတင်းတပ်ဖွဲ့တွေ သွားလာလှုပ်ရှားလို့ မရတော့ဘူး။ KNU, KNLA, PDF က အချိန်နဲ့အမျှ တိုက်ခိုက်နေတယ်။ အပြစ်မဲ့ ပြည်သူပေါင်းများစွာလည်း ထိခိုက်သေဆုံးခဲ့ရပြီးပြီ။ အခုဆို မြဝတီမှာ နိုင်ငံဝန်ထမ်းတွေ အစုလိုက်အပြုံလိုက် သေဆုံးရပြီ။
အကြမ်းဖက်အဖွဲ့များထံ သတင်းပေးပို့ပြီး ကိုယ့်လုပ်ဖော်ကိုင်ဖက်အချင်းချင်း သေကြောင်းကြံတဲ့ အကြမ်းဖက်အားပေး ဖရဲသီး သိပ်ပျော်နေမလား။ ယမ်းငွေ့တောင် အသမ်းမခံဘဲ လွတ်မြောက် နယ်မြေကို ထွက်ပြေးရောက်ရှိနေပြီဖြစ်တဲ့ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်ဝါဒီ ခွေးဝဲစားတွေ၊ ဖာသည်မတွေကတော့ အောင်ပွဲခံနေလေရဲ့။
အစိုးရတစ်ရပ်က ကျောသားရင်သား မခွဲခြားဘဲ ပြည်သူတွေအပေါ် မေတ္တာထားတာမျိုးကို ပြစ်တင်ဝေဖန်လို့တော့ မကောင်းပါဘူး။ CDM တွေ လုပ်ငန်းခွင် ပြန်ဝင်ပါ၊ အကြမ်းဖက်သမားတွေ ဥပဒေဘောင်အတွင်း ဝင်ရောက်ပါလို့ ဖိတ်ခေါ်ခဲ့တာကိုလည်း မပြစ်မဆိုချင်ပါဘူး။ သို့သော် ဝန်ထမ်းအဖွဲ့အစည်းအတွင်းမှာ အကြမ်းဖက်လမ်းစဉ်နောက် လိုက်ခဲ့တဲ့ CDM ဝန်ထမ်းတွေကြောင့် ကမောက်ကမဖြစ်နေတာကိုရော နိုင်ငံတော်တာဝန်ရှိသူတွေ သိပါသလား။ ညွှန်မှူး ညွှန်ချုပ်တွေကအစ CDM လုပ်ခဲ့တဲ့ ဝန်ထမ်းတွေကို ကြောက်တယ်။ ရာထူးတိုးတွေမှာ CDM လုပ်ခဲ့သူတွေကို ဦးစားပေးလာတယ်။ အခြားသော ဝန်ထမ်းတွေက စိတ်နာလာတယ်။
နိုင်ငံတော်အကြီးအကဲတွေ ကိုယ်တိုင်က ကမောက်ကမဖြစ်အောင် ဖန်တီးပေးနေသလိုဖြစ်တယ်။ မကျေနပ်မှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာလည်း သမာသမတ်ကျကျ ဖြေရှင်းပေးမယ့်သူ မရှိဘူး။ ဒီယန္တရားကြီးကို ထိန်းကျောင်းရတာ မလွယ်ပါဘူး။ မေတ္တာတရားဟာ ကောင်းမွန်မြင့်မြတ်ပါတယ်။ မေတ္တာတရားနဲ့ မထိုက်တန်တဲ့ အကြမ်းဖက်ဝါဒီတွေ ရှိတယ်ဆိုတာ ယနေ့ကြုံတွေ့နေရတဲ့ အဖြစ်အပျက်များက သက်သေခံနေတယ် မဟုတ်ပါလား။
နိုင်ငံတော်အကြီးအကဲတွေက အကြမ်းဖက်အန္တရာယ်နှိမ်နင်းရေးမှာ ပြည်သူများ ပူးပေါင်းဆောင်ရွက်ဖို့ အတိအလင်း ပြောဆိုနေစေကာမူ သက်ဆိုင်ရာ နယ်မြေများမှာ တာဝန်ယူဆောင်ရွက်နေသူများက ပြည်သူများရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မလိုလားပါဘူး။ သူတို့ရဲ့ လုပ်ပိုင်ခွင့် သူတို့ခြယ်လှယ်ပြီး စီးပွားရှာနိုင်တဲ့ အခြေအနေတစ်ရပ်မှာ ပြည်သူများ ပူးပေါင်းဆောင်ရွက်တာမျိုး လုံးဝ မလိုလားပါဘူး။ သူတို့ရဲ့ လုပ်စားဂွင်တွေကို ပြည်သူအသိမခံချင်ကြပါဘူး။ ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေက ရဟန်းရှင်လူပြည်သူတွေရဲ့ အသက်ကို ရောင်းပြီး ဒေါ်လာတောင်းနေတဲ့ သူတောင်းစားတွေ လုပ်နေကြသလိုပဲ ယနေ့အချိန်အခါ ကာလမှာ လုပ်ပိုင်ခွင့် အာဏာရသူတချို့ဟာလည်း ပြည်သူတွေရဲ့ အသက်ကို အရင်းတည်ပြီး ကိုယ့်မိသားစု ရွှေတွဲလွဲ ငွေတွဲလွဲ ဖြစ်ဖို့ လုပ်စားနေကြတာတွေကို ဝမ်းနည်းဖွယ် မြင်တွေ့ရပါတယ်။ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ရဟန်းရှင်လူပြည်သူတွေမှာ အစိုးရက အကြမ်းဖက်နှိမ်နင်းရေးကို ဘယ်လိုလုပ်မှာလဲဆိုတာ ယနေ့အချိန်အထိ တိကျသေချာတဲ့ အဖြေရှာလို့ မရသေးတဲ့ အခြေအနေဖြစ်နေပါတယ်။
ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင် အမည်ခံ KNU, KNLA, KIA, KNPP, CDF, KNDF အကြမ်းဖက်အဖွဲ့များရဲ့ ရက်စက်ယုတ်မာမှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၆၂၀၀ ကျော်အထိ သေဆုံးခဲ့ရပြီးဖြစ်သလို အစိုးရရုံးဌာနတွေ၊ လမ်းတံတားတွေ၊ အပြစ်မဲ့ ပြည်သူတွေရဲ့ နေအိမ်တွေလည်း များစွာ ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။ မြဝတီမြို့ ဖြစ်စဉ်နဲ့ပါဆိုရင် အကြမ်းဖက်အဖွဲ့တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ဆယ်ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ကြပြီး ဖြစ်ပါတယ်။ နစကအစိုးရအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးကို ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံက အဖြေရှာ ကိုင်တွယ်မှသာလျှင် တည်ငြိမ်အေးချမ်းမှုကို လိုလားသော ရဟန်းရှင်လူပြည်သူများ၊ အစိုးရဝန်ထမ်းများ ဘေးကင်းရပါလိမ့်မည်။
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost
No comments:
Post a Comment