ရမ်းဗြဲမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များမှ စုပေါင်း သန့်ရှင်းရေး ပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရမ်းဗြဲမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များမှ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

36

37

38

39

40


MNP ၊  စက်တင်ဘာ  ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌  ၂၀၂၃  ခုနှစ်၊ အောက်တိုဘာလ (၁)  ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက သမိုင်းဝင်တန့်ရှင်ပင်ဘုရားတွင်  စုပေါင်းသန့်ရှင်းရေး  ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ရာသို့ ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲ-၄၁၁၃  ရဲမှူးဘရွှေ  ဦးစီးပြီး ရဲတပ်ဖွဲ့ဝင် (၃၇)ဦးက (၅၉) နှစ်မြောက်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရမ်းဗြဲမြို့ အမှတ်(၆)ရပ်ကွက်ရှိ  သမိုင်းဝင် တန့်ရှင်ပင်ဘုရားသို့ သွားရောက်ကာ အဆိုပါဘုရား ဘေးပတ်လည်ရှိ အမှိုက်သရိုက်များအား တံမြက်စည်းလှည်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြုံနွယ်၊ မြက်ပင်၊ ပေါင်းပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ဘုရားရင်ပြင်တော် နှင့်ပုရဝဏ် အတွင်း/အပြင်တို့ကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အောင်တင်ကြည်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages