MNP ၊ စက်တင်ဘာ ၁၁
ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အမှတ်(၂) ပျဉ်းပင်ရပ်ရှိ ပပြားဆည်ရေဖြင့် စပါးစိုက် တောင်သူများ စပါးစိုက်ပျိုးပြီးကြပြီဖြစ်ကြောင်း ငါ့သရောက်မြို့ မြို့ အုပ်ချုပ်ရေးမှူးထံက သိရသည်။
ငါ့သရောက်မြို့တွင် ထူးခြားမှုအနေဖြင့် ပပြားဆည်(ခေါ်) ပျဉ်းပင်ကန်ကြီးတစ်ကန်ထဲမှသာ ရေသွင်းစိုက်ပျိုးသည့်နေရာရှိပြီး အခြားနေရာများတွင် စပါး စိုက်ပျိုးမှု မရှိကြောင်း သိရပြီး ယခုနှစ် မိုးရေ ဝင်ရောက်မှုများခြင်းကြောင့် ဆည်အောက်ဘက်လယ်ပိုင်ရှင်များအားလုံး စပါးစိုက်ပျိုးပြီးကြပြီဖြစ်ကြောင်း စပါး စိုက်တောင်သူ ဦးပေါစံက ပြောပြသည်။ မနှစ်က စပါးစိုက်ပျိုးပြီးချိန် ပပြားဆည်အတွင်း ရေစောစီးစွာ ခန်းခြောက်သွားခြင်းကြောင့် စပါးစိုက်ပျိုး တောင်သူများ စပါးမရကြဘဲ စပါးမျိုးနှင့် လုပ်အားပါ ဆုံးရှုံးခဲ့သည့် နှစ်ဖြစ်ကြောင်း သိရကာ ဒီနှစ်ပပြားဆည်အတွင်း ရေအတော်အတန် ဝင်ရောက်ခြင်းကြောင့် လယ်ပိုင်ရှင် အားလုံး စပါးစိုက်ပျိုးကြရာ စပါးစိုက်ဧက(၁၀)ကျော်စိုက် ပျိုးခဲ့ကြကြောင်း ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမျိုးထက်ထန်(ဦးစီးမှူး)ထံက သိရသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်မြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းရပ်ဝန်း မိုးနည်းရပ်ဝန်း ဒေသတွင်ပါဝင်ကာ တစ်နှစ်ပတ်လုံး မိုးရေချိန် နှစ်ဆယ် လက်မအောက်အတွင်းသာ ရွာသွန်းသည့် ဒေသဖြစ်ကာ ငါ့သရောက်တစ်နယ်လုံး မြေသားရေလှောင်ကန်မှရေကိုသာ ခေတ်အဆက်ဆက် မှီခိုအားထားခဲ့သည့် အလျောက် နိုင်ငံတော်အစိုးရမှ ကျေးလက်ဒေသရေ ရရှိရေးအတွက် ကျေးရွာတိုင်း အဝီစိစက်ရေတွင်းများ တူးဖော်ပေးသော်လည်း ထုံးဓာတ်ပါဝင်မှု မြင့်မား ခြင်းကြောင့် သုံးရေချိုးရေနှင့် တိရစ္ဆာန်များအတွက်သာ အသုံးများပြီး သောက်ရေအတွက် ကန်ရေ၊ မြေသားရေလှောင်ကန် ရေကိုသာ သုံးစွဲကြကြောင်း ထမင်းဟင်းချက်ရာတွင်လည်း ကန်ရေကိုသာ သုံးစွဲရကြောင်း ထမင်းဟင်းချက်ပါက အသိုးမြန်ခြင်းကြောင့် ထမင်းဟင်းမချက်ကြကြောင်း ထန်းငယ်တောရပ် နေ ဦးအောင်ဆန်းမှ ပြောပြ၍ သိရသည်။ အမှတ်(၂) ပျဉ်းပင်ရပ် ပပြားဆည်ကြီး ရေဝင်ရောက်မှုများခြင်းကြောင့် စပါးစိုက်တောင်သူများ စိုက်ပျိုးကြရာ အားလုံးစပါး စိုက်ပျိုးပြီးပြီဖြစ်ကြောင်း သိရကာ ပပြားဆည်ရေသောက် စပါးစိုက်တောင်သူများ ဆင်းသုခစပါးမျိုးများသာ စိုက်ပျိုးကြပြီး တစ်တင်းခွဲလျှင် သုံးသောင်းငါးထောင်ကျပ်ပေးဝယ်ကာ ပျိုးထောင်စိုက်ပျိူးကြကြောင်း သိရသည်။ ထူးခြားမှုအနေဖြင့် ငါ့သရောက်တစ်မြို့နယ်လုံး အမှတ်(၂) ပျဉ်းပင်ရပ်ရှိ ပပြားဆည်မှသာ စပါးစိုက်ပျိုးခြင်းနှင့် နွေရာသီအထိ ရေရှိလျှင် အာလူး၊ မေမြို့ပန်း၊ ဂန္ဓာပန်း၊ ဆလပ်အမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းကြောင့် ဆည်ရေဖြင့် စိုက်ပျိုးရေးလုပ်သည့် တစ်ခုတည်းသော နေရာဖြစ်ကြောင်း သိရကာ အဆိုပါ ပပြားဆည်(ခေါ်) ပျဉ်းပင်ကန်သည် ဆည်အောက်ဘက်ရှိ စိုက်ပျိုးရေးတောင်သူ မျှဝေသုံးစွဲသည့် ဆည်ဖြစ်ကာ တောင်သူများ အလှည့်ကျဖြင့် စောင့်ရှောက်သော ဆည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment