ကျောက်ဆည်မြို့၌ မြို့နယ်အဆင့် အခြေခံပညာမူလတန်းသင် ဆရာ/ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့၌ မြို့နယ်အဆင့် အခြေခံပညာမူလတန်းသင် ဆရာ/ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ




MNP ၊  စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကျောင်းသား/ကျောင်းသူများ သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားလာရေး၊ ဘာသာရပ်သင်ခန်းစာများတွင် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ ခံစားမှုနယ်ပယ်များအလိုက် ထိရောက်အောင်မြင်သော သင်ကြားသင်ယူမှုဖြစ်စေရေး၊ တတ်မြောက်မှုကို  စစ်ဆေးတိုင်းတာရာတွင် မေးခွန်းကောင်းတို့၏ အင်္ဂါရပ်များနှင့်ကိုက်ညီပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းရည်၊ တွေးခေါ်မျှော်မြင်မှု စွမ်းရည်ကိုဖော်ပြသော စစ်ဆေးတိုင်းတာမှုဖြစ်စေရေး၊ အခြေခံပညာအဆင့်အလိုက် အတန်းကူးပြောင်းနှုန်း မြင့်မားစေရေးတို့အား ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်အဆင့်အခြေခံပညာမူလတန်းသင် ဆရာ/ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဘာသာရပ်ဆိုင်ဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့နယ်အတွင်းမှ အခြေခံပညာမူလတန်းသင်ဆရာ/ဆရာများ တက်ရောက်ခဲ့ကြောင်းနှင့် ဆွေးနွေးရာတွင် ထိရောက်အောင်မြင့်ရေး ဆပ်ကော်မတီများ၊ လုပ်ငန်းကော်မတီများနှင့် ဆွေးနွေးချိန် အချိန်ဇယားများ သတ်မှတ်ပြီး စာသင်ခန်း(၂)ခန်းတွင် သင်တန်းနည်းပြ(၅)ဦး၊ သင်တန်းသား/သင်တန်းသူ၊ ဆရာ/ဆရာမ (၅၉)ဦးတို့မှ သက်ဆိုင်ရာ ဘာသာရပ်များအလိုက် စုပေါင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။


ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းဖြင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ သင်ယူတတ်မြောက်မှုစွမ်းရည် မြင့်မားလာပြီး၊ ဘာသာရပ်သင်ခန်းစာများတွင် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ ခံစားမှုနယ်ပယ်များအလိုက် ထိရောက်အောင်မြင်သော သင်ကြားသင်ယူများ ဖြစ်လာမှာဖြစ်ကြောင်း၊ တတ်မြောက်မှုကို စစ်ဆေးတိုင်းတာရာတွင် မေးခွန်းကောင်းတို့၏ အင်္ဂါရပ်များနှင့် ကိုက်ညီပြီး တီထွင်ဖန်တီမှုစွမ်းရည်၊ တွေးခေါ်မျှော်မြင်မှုစွမ်းရည်များ ဖော်ပြသော စစ်ဆေးတိုင်းတာမှုများ ဖြစ်လာကာ အခြေခံပညာအဆင့်အလိုက် အတန်းကူးပြောင်းနှုန်း မြင့်မားလာစေမှဖြစ်ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)