MNP ၊ စက်တင်ဘာ ၁၉
မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ( ၁၀ ) နာရီက ပေါင်မြို့နယ် ( အထက ) မုတ္တမကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် (အထက) မုတ္တမ ကျောင်းအုပ် ဆရာမကြီး ဒေါ်ကျင်သန်း က အဖွင့်အမှာ စကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ
ဒေါ်တင်ဇာစိုး က လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင် လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး ( အထက )မုတ္တမကျောင်းဆရာမဒေါ်အိသူဇာနိုင် က ဦးဆောင်ဆွေးနွေးပြီး ( အထက )မုတ္တမ ကျောင်း မှ Grade 10 ကျောင်းသား မောင်ဖြိုးဖြိုးဦး က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ Grade - 10 ကျောင်းသူ မကေဇင်မိုး က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသူ မအိမွန်ကျော် က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသူ မခင်နန္ဒာထွန်းက လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသား မောင်ကောင်းဆက်တင် က လူငယ်နှင့်ကိုယ့်ကျင့်တရား ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ က လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး၊နှင့်ကျောင်းဆရာမဒေါ်အိသူဇာနိုင် တို့က အသီးသီး ပြန်လည်ဖြေကြားပေးခဲ့သည်။
ယနေ့ကျင်းပသော လူငယ်စကားဝိုင်း သို့ ( အထက ) မုတ္တမ ကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ ( ၃၀၀ ) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment