MNP ၊ စက်တင်ဘာ ၅
ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၏ အစီအစဉ်ဖြင့် စားသုံးဆီများကို သတ်မှတ်ညွှန်ကြားချက်စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးရှေ့၌ ယနေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် စားအုန်းဆီတင်သွင်း သည့်ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ထုတ်ပေးခဲ့သည့် စားအုန်းဆီများကို သတ်မှတ်စျေးနှုန်းနှင့်အညီ ရည်ညွှန်းလက်ကားစျေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ ငါးဆယ်ကျပ်သားဝင် စားအုန်းဆီတစ်ဘူးလျင် (၂၆၀၀) ကျပ်နှုန်းဖြင့် ပြည်သူတစ်ဦးကို တစ်ဘူးနှုန်း ရောင်းချပေးခဲ့သည်။
အဆိုပါရောင်းချရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်နှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခင်နှင့်ဝန်ထမ်းများ၊ မြို့မဈေးတာဝန်ခံတို့က စီမံကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ
https://t.me/MyanmarNationalPost
No comments:
Post a Comment