လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေနိမ့်ပိုင်းကျရောက်သောနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပွား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေနိမ့်ပိုင်းကျရောက်သောနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပွား

41

42


MNP ၊  စက်တင်ဘာ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေနိမ့်ပိုင်းကျရောက်သော ရပ်ကွက်များရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


မိုးရွာသွန်းမှုမှာ စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ရွာသွန်းခဲ့ခြင်းဖြစ်ပြီး တောင်ကျရေအများအပြား ကျဆင်းမှုကြောင့် ရေစီးမြောင်းများမှတဆင့် ရေကြီးရေလျှံကာ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။


“မိုးကတော့ မနေ့ကတည်းက စရွာနေတာပေါ့။ ဒါပေမယ့် ဒီနေ့မနက်ကတော့ မိုးတော်တော်သည်းတော့ ရေပါတယ်။ တောင်ကျရေက စီးတာကြမ်းတယ်။ အပေါ်ဘက်ပိုင်းမှာ မိုးပိုရွာတော့ ပိုဆိုးတာပေါ့။ အဲ့ဒီဘက်ကနေ တောင်ကျရေတွေစီးလာပြီး ရေစီးမြောင်းနဲ့နီးပြီး မြေနိမ့်ပိုင်းကျတဲ့ အိမ်တွေမှာတော့ ရေဝင်တာပေါ့။ အခုမနက် သုံးနာရီလောက်ကတည်းက အိမ်ထဲရေဝင်လို့ မိသားစုတွေ အကုန်လုံး သန့်ရှင်းရေးလုပ်နေရတယ်။”ဟု ရပ်ကွက်(၅)နေ ကိုစိုင်းအွမ် ကပြောသည်။


လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပါက လားရှိုး-မန္တလေးလမ်းမြို့အဝင် နားမခေါ်တွင် လမ်းရေကျော်မှုများ၊ မိုင်းယော်သွားလမ်းပေါ်တွင် လမ်းပေါ်ရေကျော်မှုများ၊ ရပ်ကွက်(၅) အနီးဝန်းကျင်နှင့် ရပ်ကွက်(၉)ရှိ နေအိမ်အချို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားတတ်ကြောင်း သိရသည်။


စိုင်းထွန်း 

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages