MNP ၊ စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ရောင်းချပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်ကုန်ဈေး နှုန်း တည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မိတ္ထီလာဆီကုန်သည်ကြီးများအသင်းက သာစည်မြို့နယ်အတွက် ဖြန့်ဖြူးရောင်းချပေးသော ဆီပိဿာ ၃၃၀၀ ကို အမှတ်(၄) ရပ်ကွက် ဦးဘဇံ ရွှေနဂါးဆီစက်နှင့် ဆီရောင်းဝယ်ရေး၊ ရွှေဇီးကွက် ဆီစက်နှင့် ဆီရောင်းဝယ်ရေး၊ ရွှေလယုန်ဆီစက်နှင့် ဆီရောင်းဝယ်ရေးနှင့် အမှတ်(၅)ရပ်ကွက် အောင်သုခဆီ အရောင်းဆိုင်များတွင် သတ်မှတ်ဈေးနှုန်း ဆီတစ်ပိသာလျှင် ၄၇၀၀ ကျပ်ဖြင့် ရောင်းချနေမှုနှင့် စနစ်တကျ တန်းစီဝယ်ယူနေမှုများကို လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။ အဆိုပါ ဆီပိဿာ ၃၃၀၀ ကို ဩဂုတ် ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
၎င်းအပြင် ဦးဘဇံ ရွှေနဂါးဆီစက်နှင့် ဆီရောင်းဝယ်ရေးမှ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း First Top ကုမ္ပဏီဖြင့် ချိတ်ဆက်ကာ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပြီး ကျေးရွာများအထိ ဖြန့်ဖြူးရောင်းချပေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment