နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲများ ကျင်းပဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲများ ကျင်းပဆောင်ရွက်

 

74

75

76

77

78


MNP ၊  စက်တင်ဘာ  ၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန့်နေ့ ညနေ (၂) နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးခိုင်က စက်တင်ဘာလ (၈) ရက်နေ့တွင်ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့နှင့် ပတ်သက်၍ စာတတ်မြောက်ခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာပါဝင်သည့်စာပေသည် တိုင်းပြည်တစ်ပြည်လူမျိုးတစ်မျိုး၏ ယဥ်ကျေးမှုအဆင့်အတန်းဖြစ်ကြောင်း လူမျိုးတိုင်းမှာအမျိုးသားစာပေဆိုတာရှိပါကြောင်း စာပေမရှိလျင်လူမျိုးဟူ၍မရှိ၊ စာပေနှင့်ကင်းပါက မည်သည့်လူမျိုးမှ မတိုးတက်မဖွံ့ဖြိုးနိုင် အဓွန့်မရှည်နိုင်ပါကြောင်း ရှင်းလင်းဟောပြောပြီး၊ အမှတ် (၂) အခြေခံပညအလယ်တန်းကျောင်းမှ ​ကျောင်းအုပ်ဆရာကြီးက ကျောင်းနေသည့် ကျောင်းသား/ ကျောင်းသူများ စာတတ်မြောက်ရေးအတွက် အသိအမြင်ဗဟုသုတကြွယ်ဝစေသည့် စာပေများကိုခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်အောင်ကြိုးစား၍ ကမ္ဘာအလယ်မှာ ဝင့်ဝင့်ထည်ထည်ရပ်တည်နိုင်အောင် ကြိုးစားဆောင်ရွက်ကြပါရန် ဟောပြောဆွေးနွေးခဲ့သည်။


ဆက်လက်၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသူ/ ကျောင်းသားများအား အသီးသီးဆုချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


မိုးမိုးခိုင် 

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages