MNP ၊ စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကွပ်ကဲမှုဖြင့် ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းမှစ၍ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ဆန်၊ ဆီ သယ်ယူရောင်းချရေးယာဉ်ဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာလာရောက် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် ဧည့်မထဆန် ငါးပြည်အိတ် တစ်အိတ်လျှင် ၁၂၀၀ဝိ ကျပ်၊ ဟင်းသီးဟင်းရွက်ဆီ ငါးဆယ်ကျပ်သား တစ်ဘူးလျှင် ၂၆၀ဝိ ကျပ်နှုန်းဖြင့် စုစုပေါင်း ဆန်ငါးပြည်အိတ် ၂၅၀ အိတ်၊ ဆီငါးဆယ်ကျပ်သားဘူး ၁၀၉၂ ဘူးတို့ကို မြို့နယ်အတွင်း ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ခနောင်တိုအရှေ့ရပ်ကွက်နှင့် ခနောင်တိုအနောက်ရပ်ကွက်တို့ရှိ လူစည်ကားရာနေရာများတွင် ပြည်သူများလက်ဝယ်အရောက် စနစ်တကျရောင်းချပေးခဲ့သည်။
ယင်းသို့ အခြေခံစားသောက်ကုန်များ ရောင်းချပေးရာသို့ ဆိပ်ကြီးခနောင်တိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များက ဦးဆောင်ကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ
https://t.me/MyanmarNationalPost
No comments:
Post a Comment