MNP ၊ စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ အတွက် လူမှုဝန်ထမ်းဦးစီးဌက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့သည်။
လူမှုဝန်ထမ်းဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းမောင် နှင့် ဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင် နှင့် အသက် (၂) နှစ်အောက် ကလေးငယ်များအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊မေ၊ဇွန်) လများ အတွက် ရသေ့တောင်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင် (၆၅၁) ဦး ၊ အသက် (၂) နှစ် အောက်ကလေးငယ် (၃၁၉၆) ဦး အကျိူးခံစားခွင့်ရှိသူ (၃၈၄၇) ဦး အတွက် စုစုပေါင်းငွေကျပ် (၁၆၅၂၀၀၀၀) ကျပ် အားထောက်ပံ့ပေးခဲ့ ကြောင်းသိရသည်။
နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက်ကလေးများအတွက် ထောက်ပံ့ငွေများပေးအပ် ရခြင်းမှာ အာဟာရပြည့်ဝစွာ စားသောက်နေထိုင်ကြပြီး ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ဖွံံ့ဖြိုးသည့် ကလေးများဖြစ်လာ စေရန်နှင့် မသန်စွမ်းဖြစ်ပွားမှုနှုန်း လျော့ကျစေရန်အတွက် ရည်ရွယ်၍ ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက သိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment