MNP ၊ စက်တင်ဘာ ၅
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်မှ စီစဉ်ကျင်းပသည့် လူငယ်သီတင်းပတ်အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က လားရှိုးပညာရေးဒီဂရီကောလိပ်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ လားရှိုးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဌေးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ လားရှိုး ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်လွင်လွင်စန်းတို့က လူငယ်သီတင်းပတ်အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး ဒုတိယပိုင်းအခမ်းအနားအစီအစဉ်များကို ပညာရတနာခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး လားရှိုးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက လူငယ်သီတင်းပတ်အခမ်းအနား ကျင်းပဆောင်ရွက်ခြင်း အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများက ရုပ်သေးကြိုးဆွဲအက၊ ပုဂံအက၊ ကာယအလှမယ်သရုပ်ပြသခြင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများက လူငယ်သီတင်းပတ်အထိမ်းအမှတ်အဖြစ် ပြသဆောင်ရွက်သည့် ပညာရေးဌာနပြခန်း၊ ICT ပြခန်း၊ အိမ်တွင်းမှုဌာနပြခန်း၊ သိပ္ပံဘာသာရပ်များဌာနပြခန်း၊ ဂီတအနုပညာဌာနပြခန်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပနေမှုများ၊ ဈေးရောင်းပွဲတော်များကို လှည့်လှည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပညာရေးဒီဂရီကောလိပ်မှ ကျင်းပသည့် လူငယ်သီတင်းပတ်အခမ်းအနားတွင် ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကျင်းပခြင်း၊ ဈေးရောင်းပွဲတော်ကျင်းပခြင်းများကို စက်တင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ၅ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment