မြောက်ဦးမြို့ ၌ ပြည်သူ့ဆေးရုံဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြောက်ဦးမြို့ ၌ ပြည်သူ့ဆေးရုံဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

86

87

88

89

90


MNP ၊  စက်တင်ဘာ  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့တော်သန့်ရှင်းသာယာလှပရေးအတွက်  ထမ္မရာဇ်ရပ်ကွက် ခရိုင်ပြည်သူ့ဆေးရုံဝင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး သစ်ပင်၊သစ်ကိုင်း များ၊ ခြုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က နယ်မြေခံ တပ်မမှူး ဦးဆောင်ကြီးကြပ်မှုဖြင့်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။


ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်းသန့်ရှင်းသာယာလှပရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူများ နှင့်ပြည်သူများ ပူးပေါင်း၍ ပြည်သူ့ဆေးရုံပတ်ဝန်းကျင်၌ သစ်ပင်သစ်ကိုင်းများ ခြုံနွယ်များ၊ပေါင်းမြက်များ ခုတ်ထွင်ရှင်း လင်း ခြင်း၊ အမှိုက်ကောက်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေးတို့အတွက် အမှိုက်များ ရှင်းလင်းခြင်းများကို  ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ နယ်မြေခံတပ်မမှူး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုကာ အားပေးစကားပြောကြားခဲ့ကြောင်း  သိရသည်။


မြင့်စိုး 

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages