မိုင်းဖြတ်မြို့နယ်၌ နမ့်ဖတ်ချောင်း သဲနုန်းတူးဖော်ပြုပြင်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

မိုင်းဖြတ်မြို့နယ်၌ နမ့်ဖတ်ချောင်း သဲနုန်းတူးဖော်ပြုပြင်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

67

68

69


MNP ၊  စက်တင်ဘာ  ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်သည် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်များနှင့်အတူ စက်တင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်းက ဝမ်လုံးကျေးရွာအုပ်စု၊ ပါညုကျေးရွာအနီးရှိ နမ့်ဖတ်ချောင်း သဲနှုန်းတူးဖော်ပြုပြင်ခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ စစ်ဆေးရာတွင် မိုင်းဖြတ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်ကိုစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်များသည် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၆၀)ကျပ်သန်းဖြင့် အားမာန်လွင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် အရှည် ၂၀၀၀ ပေ၊ အကျယ် ၃၀ပေ အတိုင်းအတာရှိ  နမ့်ဖတ်ချောင်း သဲနုန်းတူးဖော်ခြင်းနှင့် ၅၄၀ပေ တုတ်တန်းရိုက်ခြင်းလုပ်ငန်း (အပိုင်း-၃) အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းဦးက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


ယခုအခါ အဆိုပါလုပ်ငန်းသည် ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်၍ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ပါညုကျေးရွာအနီး ကျေးရွာနေပြည်သူများ လုပ်ကိုင်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် စိုက်ပျိုးရေများ ပုံမှန်ရရှိစေမည့်အပြင် ချောင်းအောက်ဘက်ရှိ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသည့် ပြည်သူများ စိုက်ပျိုးရေပုံမှန်ရရှိခြင်း၊ ရေစီးရေလာကောင်းမွန်ခြင်း၊ ရေလွှမ်းမိုးမှုဘေးမှကာကွယ်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူထံက သိရသည်။  


https://t.me/MyanmarNationalPost

.com/img/a/


No comments:

Post a Comment

Donate and Support

Pages