MNP ၊ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် တော်သလင်းလပြည့်နေ့ ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်စိုက်ပျိုးရေးရုံးထိပ်တွင် စုဝေးတော်မူပြီး မိုးမိတ်၊ မန်တုံလမ်းမကြီးအတိုင်း လမ်းတစ်လျှောက်ကြွမြန်တော်မူကြရာ စေတနာရှင်၊ အလှူရှင် မိဘပြည်သူများက ဆွမ်း ၊ ဟင်းနှင့် လှူဖွယ်ပစ္စည်းမျိုးစုံတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
နှစ်စဉ် ဝါတွင်းကာလ လပြည့်၊ လကွယ်နေ့ ရောက်တိုင်း ဒေသခံပြည်သူများသည် ဥပုဒ်သီးတင်း ဆောက်တည်ကြခြင်း၊ စုပေါင်း၍ ဆွမ်းလောင်းလှူခြင်းတို့ကို ဆောင်ရွက်ကြပြီး အလှူဒါန ကုသိုလ်ကောင်းမှုပြုလုပ်ကြကြောင်း သိရသည်။
စည်သူဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment