စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် များသို့ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုး ဆက်ကပ်လှူဒါန်းခြင်းနှင့် သာသနာ ရေးဆိုင်ရာများ လျှောက်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် များသို့ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုး ဆက်ကပ်လှူဒါန်းခြင်းနှင့် သာသနာ ရေးဆိုင်ရာများ လျှောက်ထား


MNP ၊  စက်တင်ဘာ  ၁၉

မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများတွင် ဝါတွင်းကာလအတွင်း သီတင်းသုံးတော်မူနေကြသော ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးနှင့် စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လယ်တီတိုက်သစ်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သော ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုး ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ လယ်တီတိုက်သစ်ကျောင်းတိုက် ဘဒ္ဒန္တသုနန္ဒ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီခံယူဆောက်တည်ကြပြီး ပင့်သံဃာ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးအား ဆက်ကပ် လှူဒါန်းခဲ့ကြသည်။


 ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာတော်ကြီးများထံ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ လယ်တီတိုက်သစ်ကျောင်းတိုက် ဘဒ္ဒန္တသုနန္ဒ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လယ်တီတိုက်သစ်ကျောင်း တိုက် ဆရာတော်ကြီးနှင့် သံဃာတော်၊အရှင်သူမြတ်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်း ခဲ့ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့သစ်ရပ်ကွက်ရှိ တော်ဝင်ဘုံစံကျောင်းတိုက်သို့ ရောက်ရှိရာ ဘဒ္ဒန္တနန္ဒိယ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာ တော်ကြီးများထံ တာဝန်ရှိသူများနှင့်အတူ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးတို့အား အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။


အဆိုပါ မုံရွာမြို့ပေါ်ရှိ လယ်တီတိုက်သစ်ကျောင်းတိုက်နှင့် တော်ဝင်ဘုံစံကျောင်းတိုက် များရှိ ဆရာတော်၊သံဃာတော် ၃၈ ပါးအတွက် ၁ လစာ ဆွမ်းဆန်တော် - ၁၂ အိတ်၊ ဆီ - ၂၂ ပိသာ၊ ဆား - ၉ မိသာ၊ ကုလားပဲ - ၂၂ ပိသာနှင့် ကြာဇံ - ၉ ပိသာတို့အား ဆက် ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)