မြန်မာ - တရုတ်နှစ်နိုင်ငံ ရဲတပ်ဖွဲ့များအကြား နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - တရုတ်နှစ်နိုင်ငံ ရဲတပ်ဖွဲ့များအကြား နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး



MNP ၊ စက်တင်ဘာ ၂၀

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီသည် မြန်မာနိုင်ငံသို့ အလုပ်သဘော အလည်အပတ်ခရီးလာရောက်သည့် တရုတ်နိုင်ငံ ဟူနန်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယဝန်ကြီးနှင့် ဟူနန်ပြည်နယ် ရဲတပ်ဖွဲ့မှူး Mr.Wang Yi Ou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့က နေပြည်တော်ရှိ Horizon Lake View ဟိုတယ် ၌ တွေ့ဆုံခဲ့ပြီး မြန်မာ - တရုတ်နှစ်နိုင်ငံ ရဲတပ်ဖွဲ့များအကြား နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


တွေ့ဆုံစဉ် မြန်မာ - တရုတ်နှစ်နိုင်ငံ ရဲတပ်ဖွဲ့များအကြား နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ဆိုက်ဘာမှုခင်းနှင့် ဆက်သွယ်ရေးအသုံးပြု လိမ်ညာမှုများ တိုက်ဖျက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်အတွက် အမြင်ချင်းဖလှယ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်သည်။


တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (၁)၊ ရဲဗိုလ်ချုပ် အောင်အောင်နှင့် အဆင့်မြင့်ရဲအရာရှိကြီးများ တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)