MNP ၊ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် စလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများအား စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က စလင်းမြို့ ပြည်သူ့ပန်းခြံအနောက်ဖက် ရွှေဗမာဆီစက်မှ (၁)ပိသာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၄၄၀)စုအတွက် လူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ပြည်သူအများ လာရောက် ဝယ်ယူကြကြောင်း သိရသည်။
စလင်းမြို့နယ်တွင် စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် စလင်းမြို့ပေါ်ရပ်ကွက် အသီးသီးတို့တွင် အလှည့်ကျရောင်းချပေးလျက်ရှိပြီး ယနေ့ စက်တင်ဘာ (၄)ရက်နံနက် ၉ နာရီက စားသုံးဆီများကို ရောင်းချပေးရာတွင် ကာလပေါက်စျေးထက် စျေးနှုန်းလျှော့ချကာ စားသုံးဆီ (၁)ပိသာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ပိသာချိန် (၂၂၀)ပိသာ အိမ်ထောင်စု (၄၄၀)စုအတွက် ရွှေဗမာဆီစက်မှ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မောင်လွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment