ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် အဆို ၊ အက ၊အရေး ၊အတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် အဆို ၊ အက ၊အရေး ၊အတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားပြုလုပ်

1

2

3

4

5

6

7

8


MNP ၊  စက်တင်ဘာ ၅

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊  မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်ကာ ၂၄ ကြိမ် မြောက် ခရိုင်အဆင့် အဆို ၊ အက ၊အရေး ၊အတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီအချိန် သာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။  


၂၄ ကြိမ်မြောက် မောင်တောခရိုင်အဆင့် အဆို ၊ အက ၊ အရေး ၊အတီး ပြိုင်ပွဲကျင်းပပြုလုပ်ရာ အသက် ၁၀ နှစ်မှ ၁၅ နှစ် ခေတ် ဟောင်းကာလပေါ်တေးသီချင်း ၊  အသက် ၁၅ နှစ် မှ ၂၀ နှစ် ခေတ်ဟောင်းကာလပေါ် တေးသီချင်း၊ ဝါသနာ ရှင် (ဒုတိယ)တန်း (မဟာဂီတ) ၊ ဝါသနာရှင် ဒုတိယတန်း (ခေတ်ဟောင်းကာလပေါ်) နှင့် အမျိုးဂုဏ် ဇာတိဂုဏ်သီချင်း များဖြင့်  ဝါသနာရှင် များ ၊ ကျောင်းသား၊ကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ၂၄ ကြိမ်မြောက် ခရိုင်အဆင့် အဆို ၊ အက ၊ အရေး ၊အတီး ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက ဆုများ အသီး သီး ချီးမြှင့်ပေးခဲ့ကြရာ ပြိုင်ပွဲဝင်ဆုရရှိသူများကလက်ခံရယူခဲ့ကြပြီး ၂၄ ကြိမ်မြောက် မောင်တောခရိုင်အဆင့် အဆို ၊ အက ၊ အရေး ၊အတီး ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်လူကြီးများအဖြစ် ပါဝင်ခဲ့ကြသူများကိုလည်း လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ သည်။


အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ အကဲဖြတ်ဒိုင်လူကြီးများ ၊ ပြိုင်ပွဲဝင် ဝါသနာ ရှင်များ ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန် 

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages