အာဆင်နယ်ကို ရှုံးပွဲအပြီး ကွင်းလယ်ဒိုင်ကို အခဲမကြေဖြစ်နေတဲ့ တန်ဟတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆင်နယ်ကို ရှုံးပွဲအပြီး ကွင်းလယ်ဒိုင်ကို အခဲမကြေဖြစ်နေတဲ့ တန်ဟတ်




MNP - စက်တင်ဘာ  ၄


မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ယမန်နေ့က အာဆင်နယ်အသင်းကို အဝေးကွင်းမှာ ၃ဂိုး၊ ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး ကွင်းလယ်ဒိုင် အန်တိုနီတေလာနဲ့ VARရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး အခဲမကြေခဲ့ဘဲ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံမှုမှာ ဝေဖန်ခဲ့သည်။


အဲရစ်တန်ဟတ်က "အဲ့ဒါ(ဂါနာချိုရဲ့ သွင်းဂိုး) လူကျွံဘောမဟုတ်ပါဘူး၊ သူတို့ကြည့်တဲ့ ကင်မရာရှုထောင့်ကိုက မှားနေတာပါ၊ ဟော်ဂ်လန်အလုံးကလည်း ပင်နယ်တီ ရသင့်ပါတယ်၊ အသင်းရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ပေမယ့်လည်း အခြားနေရာ(ကွင်းလယ်ဒိုင်နဲ့ VARရဲ့ ဆုံးဖြတ်ချက်)တွေမှာတော့ ကျွန်တော်တို့ မျက်နှာသာမရခဲ့ပါဘူး"ဟု ပြောကြားခဲ့သည်။


ဆက်လက်ပြီး အဲရစ်တန်ဟတ်က "ကျွန်တော်တို့ဒီထက်ပိုကောင်းအောင် ကစားဖို့တော့ လိုပါပြီ၊ မာရှယ်လည်း ဒီနေ့ပွဲမှာ အကောင်းဆုံးကစားခဲ့တယ်လို့ ထင်ပါတယ်၊ ဟော်ဂ်လန်လည်း ပွဲအပေါ်အကောင်းဆုံး သက်ရောက်မှုကို ပြသနိုင်ခဲ့ပါတယ်"ဟု ပြောကြားခဲ့တာ ဖြစ်ပါသည်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းရဲ့ တရပ်စပ် တိုက်စစ်ဆင်မှုတွေကို ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ခုခံနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွေမှာ သွင်းဂိုးတွေ ခွင့်ပြုပေးရခဲ့တာ ဖြစ်ပါတယ်။


souce - Sky Sports


မြန်မာနေရှင်နယ်ပို့စ်





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)