MNP ၊ စက်တင်ဘာ ၅
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန နှင့် စာပေချစ်သူများအသင်း(Book Club)တို့ ပူးပေါင်း၍မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့်"အမွေခံသူတစ်ယောက်အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၈)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)၌ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် စာပေချစ်သူများအသင်းအဖွဲ့ဝင် ဒေါ်လေးလေးဖြူ က အမှာစကားပြောကြားပြီးမြို့နယ်ဦးစီးအရာရှိဒေါ်တင်ဇာစိုး ကစာဖတ်ဝိုင်းပြုလုပ်သည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာပေချစ်သူများအသင်းအဖွဲ့ဝင် ဆရာမ ဒေါ်ခင်ပြုံးအေးက တပည့်တွေအကြောင်း နှင့် လူငယ်တွေအတွက် လူကြီးတွေကိုလည်းကောင်း၊အဖွဲ့ဝင် ဒေါ်ခင်မာလာအောင်က ပါရဂူဂုဏ်ပြုပွဲကအပြန် နှင့် ပဉ္စာဝုဓမင်းသား၏ဝရဇိန်လက်နက်ဖြင့် ကိုလည်းကောင်း၊အဖွဲ့ဝင် ဒေါ်စန်းစန်းမူ က ပညာတတ်ဖို့ စာဖတ်ရမည်နှင့်လူငယ်များအတွက် ဇာတကာ ခေါင်းစဉ်တို့ ကို ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြ သူများက သိလိုသည်များကိုပြန်လည်မေးမြန်းခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲများကိုဆောင်ရွက်ခြင်းဖြင့် လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊စာဖတ်ခြင်းဖြင့်အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်၊အစုအဖွဲ့အတွင်းပါဝင်ဆွေးနွေးတတ်သည့်အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment