MNP ၊ စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မော်လမြိုင်ဆီကုန်သည်ကြီးများအသင်းဦးဆောင်၍ စားသုံးသူပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဆီ(၁)ပိသာ(၄၄၅၀)ကျပ်နှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းက ရေးမြို့၊ အောင်င်္ဂလာရပ်ကွက်၊ အောင်သီတာစျေးနှင့် မွန်းလွဲ ၁ နာရီအချိန်က ချောင်းတောင်တံတားအနီး(ညစျေး)တို့တွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ရောင်းချပေးရာတွင် တစ်ဆင့်လက်လွှဲရောင်းချမှုမရှိစေရေးအတွက် ခရိုင်/မြို့နယ်ကြီးကြပ်ရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ လူတစ်ဦးလျှင် စားအုန်းဆီ(၁) ပိသာ(၄၄၅၀)ကျပ်ဖြင့် ဆီပိသာ(၃၀၀)ချိန်ကို ပြည်သူများစည်းကမ်းတကျနှင့် သက်တောင့်သက်သာဝယ်ယူနိုင်ရေးတို့အတွက် ဆောင်ရွက်ပေးခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment