ပြင်ဦးလွင်မြို့ ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနခြံတွင် ပိုးစာအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ပစ္စည်း ထုတ်လုပ်နည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့ ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနခြံတွင် ပိုးစာအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ပစ္စည်း ထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်






MNP ၊  စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနခြံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲနှင့်  မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနတို့ပူးပေါင်း၍ ပိုးစာအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ပစ္စည်း ထုတ်လုပ်နည်းသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စက်မှုသီးနှံ စိုက်ပျိုးပညာပေးရေး)၊ ခရိုင်အသေးစားစက်မှု လက်မှုဦးစီးဌာနမှူး၊ ဖိတ်ကြားထားသော ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပိုးချည်စက်ရုံ တာဝန်ခံနှင့် ခြံတာဝန်ခံများ၊ သင်တန်းသားသင်တန်းသူများ စုံလင်စွာ တက်ရောက်သည်။


အဆိုပါ ပိုးစာအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ပစ္စည်း ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က ပိုးချည်လုပ်ငန်းပိုးစာ လုပ်ငန်းများ၏ စတင်ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများ တွင် ပိုးချည်လုပ်ငန်းမှတစ်ဆင့် ပိုးစာအခြေခံ‌တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် တွဲဖက်လုပ်ဆောင်နေသည့်လုပ်ငန်းများနှင့် သင်တန်းတွင် သင်ကြားပို့ချပေးမည့် နည်းပညာများကို သေချာလေ့လာသင်ယူ၍ မိမိတို့ ဒေသများတွင် လက်တွေ့ထိထိရောက်ရောက် ပြန်လည် အသုံးချရန် တိုက်တွန်းမှာကြား၍  အဖွင့်အမှာစကားပြောကြားသည်။


ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနဦးစီးမှူး ကိုယ်စားပြင်ဦးလွင်ခရိုင်မှူး ဒေါ်ဇင်မိုးလှိုင်က သင်တန်းဖွင့်လှစ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး သင်တန်းသား/သင်တန်းသူ တစ်ဦးချင်းစီက မိတ်ဆက်ကာ သင်တန်းဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။


ပိုးစာအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ပစ္စည်း ထုတ်လုပ်နည်းသင်တန်းကို စက်တင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ငါးရက်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းတွင် ပိုးစာသီးဝိုင် ၊ ပိုးစာသီးကိတ်၊ Donut၊ ပိုးစာသီးနှင့်ပြုလုပ်ထားသည့် ဂျယ်လီအစရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နည်းများကို အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သင်တန်း နည်းပြများက သင်တန်းသား/သူများအား စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသို့ စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ ခြံတာဝန်ခံများနှင့် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေးခြံများတွင် တာဝန်ထမ်းဆောင်နေသော သင်တန်းသား/သင်တန်းသူ (၂၄) ဦးတို့က ပါဝင်တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


ဖြူလူသစ် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)