ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်သမား ၈လောင်းနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်သမား ၈လောင်းနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

016

017

018


MNP ၊ စက်တင်ဘာ ၁၃

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်‌အရှေ့ဘက် အေးသာယာရွာနှင့် ရွှေပြည်သာကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများစုဖွဲ့နေကြောင်း နေရာအတိအကျ သတင်းပေးပို့လာသည့်အတွက် ယမန်နေ့က နယ်မြေခံစစ်ကြောင်းများမှ  သွားရောက်ခြေမှုန်းခဲ့ရာ PDF အကြမ်းဖက်သမား ၈လောင်း နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ခြေမှုန်းဆောင်ရွက်မှုအတွင်း PDFအကြမ်းဖက်သမား အလောင်း ၈ လောင်း၊ ပြောင်းချော ၄ လက်၊ 79လက်လုပ် ၃ လက်၊ ၁၂ဗို့ကျည် ၃၇ တောင့်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး၊ အချင်း ၃ လက်မခန့် အရှည် ၁ ပေခန့် လက်လုပ်မိုင်း ၂ လုံး၊ အချင်း ၃ လက်မ အရှည် ၆ လက်မခန့် လက်လုပ်မိုင်း ၂ လုံး၊ ၄၀ မမ ရှော့တိုက်ဗုံးသီး ၁၄ လုံး၊ ယူနီဖောင်း ၃ စုံ၊ အီကွေးမန့် ၁ စုံ၊ PDF တီရှပ် ၁ ထည်၊ ဦးထုပ် ၃ လုံး၊ DJI Phatom 4 Drone ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်အတွင်းမှ တပ်စခန်းများသို့ KNU/PDF အကြမ်းဖက်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊ ကျေးရွာများမှ လက်နက်ကြီးသံများ ကြား၍ စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံများက ပြောသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages