ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဖုန်းလုယူသွားပြီး ငွေကြေးခြိမ်းခြောက် တောင်းခံသူကို တာဝန်သိ ပြည်သူများ ဝိုင်းဝန်းဖမ်းဆီး - MyanmarNationalPost

.com/img/a/

News Agency

demo-image

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဖုန်းလုယူသွားပြီး ငွေကြေးခြိမ်းခြောက် တောင်းခံသူကို တာဝန်သိ ပြည်သူများ ဝိုင်းဝန်းဖမ်းဆီး

037

038


MNP ၊ စက်တင်ဘာ ၆

ရန်ကုန်တိုင်ဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် (72)ရပ်ကွက် ဗန္ဒုလ လမ်းနှင်အောင်သပြေလမ်းထောင့်တွင် ၁-၉-၂၀၂၃ ရက်နေ့ ညနေ (၆ ၄၅)အချိန်ခန့်က မအေးသိရီအောင် အလုပ်မှပြန်လာစဉ် ဆိုင်ကယ်ဖြင့်တိုက်ပြီး ဖုန်းလုယူသွားသောဖြစ်စဉ် မှ ငွေကြေးခြိမ်းခြောက် တောင်းခံသူများကို ယနေ့ (၆-၉-၂၀၂၃) ရက်နေ့တွင် တာဝန်သိ ပြည်သူများ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖုန်းလုယူသွားသူများက မအေးသိရီအောင် ၏ ဦးလေးထံ ဆက်သွယ်၍ ငွေ (၄)သိန်းဖြင့် ဖုန်းပြန်လဲမည်ဟု ပြောကာ ခြိမ်းဆိုခဲ့ကြောင်း၊ အမှတ် (၇၂)ရပ်ကွက် အကြော်တဲ မှတ်တိုင်တွင်ချိန်းသဖြင့် အမှတ် (၇၂)ရပ်ကွက်အုပ်ချုပ်ရေမှူးနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းဖမ်းဆီးရာ လူယက်သော တရားခံ ၃ဦး ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ ဝေယံ၊ မြတ်ဇော်ဟိန်း၊ ချစ်စိုင်း ဆိုသူများကို တာဝန်ဝန်သိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ပြီး တာဝန်ရှိသူများထံ အပ်နှံရာ ဖမ်းဆီးရမိသူများကို ဓာတ်ပုံရိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်များက ပြဿနာရှာနေကြောင်း ဝိုင်းဝန်းဖမ်းဆီးပေးသည့်အထဲတွင် ပါဝင်သူတစ်ဦး က ပြောသည်။

တရားခံ ဖမ်းဆီးရမိရေး ကူညီဆောင်ရွက်ပေးခဲ့သူ တစ်ဦးက "အကိုတို့က ဒီကလေးမလေးရဲ့ ဦးလေး အကူအညီ တောင်းလို့ သွားကူညီပေးကြတယ်ကွာ။ ဖမ်းမိပြီးတော့ တရားခံကို မှတ်တမ်း ဓာတ်ပုံရိုက်တာကို ရဲက ပြဿနာရှာနေတယ်။ " ဟု ပြောသည်။

မအေးသီရိအောင် အား ဆိုင်ကယ်ဖြင့် တိုက်၍ လုယက်သွားစဉ်က ဖုန်းနှင့်အတူ ငွေ (၈)သိန်းကျော်၊ ဝန်ထမ်းကတ် များ ပါသွားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages