MNP ၊ စက်တင်ဘာ ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရိုးဂိုးကျေးရွာ၊ ဖားအောက်ကျေးရွာ၊ ကော့ခမယ်ကျေးရွာအုပ်စု(၃)အုပ်စုတို့ စုပေါင်း၍ (၇၇)ကြိမ်မြောက် ရွာလုံးကျွတ် ဆီဆွမ်းလောင်းလှူပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ဆီဆွမ်းလောင်းလှူပွဲသို့ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၇၆) ကျောင်းတို့မှ သံဃာတော်အပါး (၄၈၀၅)ပါး၊ သီလရှင်အပါး (၁၀၄၁)ပါး၊ စုစုပေါင်း(၅၈၄၆)ပါးအား ရိုးဂိုးကျေးရွာဆံတော်ရှင်စေတီတော်မှစတင်၍ ရွာပတ်လမ်းတစ်လျှောက် ဆီဆွမ်းအလှူခံကြွချီခဲ့ရာ ဆီဆွမ်းလောင်းလှူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ထွေ/ အုပ်ရုံးမှ ၀န်ထမ်းများမှ ဆီပိသာ (၂၀)၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်မိရပ်ဖ၊ ကျေးရွာနေပြည်သူများဖြင့် ဆီဆွမ်းများဝိုင်း၀န်းလောင်းလှူခဲ့ရာ စုစုပေါင်းဆီပိသာချိန် (၁၈၉၈၁)ပိသာအား စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment