ပုဏ္ဏားကျွန်းမြို့နယ် မုန်တိုင်းသင့်ပြည်သူများအား စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ် မုန်တိုင်းသင့်ပြည်သူများအား စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချ





MNP ၊  စက်တင်ဘာ  ၁၁

  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ အစီအစဉ်ဖြင့် ပုဏ္ဏားကျွန်းမြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့က ယမန်နေ့၊ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ ရွာသာယာရပ်ကွက်အတွင်းရှိ မိုခါ မုန်တိုင်းသင့်ပြည်သူများအတွက် စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးခဲ့ သည်။


  ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့က စားအုံးဆီများကို ပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၄၇၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စုတစ်စုလျှင်  တစ်ပိဿာနှုန်းဖြင့် ရွာသာယာရပ်ကွက် အတွင်းရှိ ပြည်သူများအား စားအုံးဆီ ပိဿာ  ၅၅၀ ပိဿာကို သက်သာသောဈေးနှုန်ဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)