အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးအသိ ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးအသိ ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲကျင်းပ

1

2

3

4


MNP ၊  စက်တင်ဘာ  ၁၆

  ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌  ကလေးအလုပ်သမားပ ပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံ ကပ်စာစောင်ပြပွဲကို ယမန် နေ့ ည​ေန ၃ နာရီ  ၃၀ အချိန်က စာပေချစ်မြတ်နိုးသူ လူငယ်များနှင့်ကျင်းပပြု လုပ်ခဲ့ပါ သည်။


  ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဦးစန်းဝင်း က အနာဂတ်ကာလ၌ နိုင်ငံ့တာဝန်များကိုပခုံးပြောင်းထမ်းရွက်ကြမည့်ကျောင်း သားကျောင်းသူလူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊မိတ္တ၊ဘောဂ စ​သောဗလ ငါးတန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ၊လူငယ်စကားဝိုင်းများ၊စာပေစကားဝိုင်း၊ အသိပညာပေးဟောပြောပွဲများနှင့်ပြပဲွဲပြ ခန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ကိုဗစ်ကာလနောက်ပိုင်း ၌ စားဝတ်နေရေးအခက်အခဲများကြောင့်ကျောင်းနေအရွယ်ကလေး သူငယ်များလုပ်ငန်းခွင်များ၌​မြင်တွေ့လာခဲ့ကြ၍ယခုလို ကလေးအလုပ်သမားပပျောက်စေ ရေးအတွက် ကလေးအလုပ်သမားအသိပညာပေးဟောပြောပွဲကိုပြုလုပ်ပေးခြင်းဖြစ်ပါကြောင်းကလေးအလုပ်သမားနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက် က လေးအလုပ်သမားများ၏ အသက်အရွယ်ကလေးအလုပ်သမားများ၏အလုပ်ချိန်ကန့်သတ်ချက်ကလေးအလုပ်သမား ပပျောက်ရေးရည်မှန်းချက် အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အ ရေးဆိုင်ရာမူများအားလည်းကောင်းကလေးသူငယ်ဥပဒေများအားလူငယ်တိုင်းသိရှိထားသင့်၍ ရှင်းလင်းပြောကြားခဲ့ပါကြောင်းပြောကြားခဲ့သည်။


   ဆက်လက်ပြီးစာပေမြတ်နိုးသူလူငယ်များအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား လေ့လာကြည့်ရှုစေပြီးမြို့နယ် ဦးစီးအရာရှိ က စာစောင်ပါအ ကြောင်းအရာများနှင့်ကလေးသူငယ်များ၏ ရ ပိုင်ခွင့်အခွင့်အရေးနှင့်သိရှိလိုသည်များအားရှင်း လင်းပြောကြားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages