မြောက်ဦးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ





MNP ၊  စက်တင်ဘာ  ၂၉

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပ ညာပေး ဟောပြောခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲမှူး အောင်ဝင်း က ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဟောပြောရာ မော်တော်ဆိုင် ကယ်၊ မော်တော်ယာဉ်များမောင်းနှင်ရာတွင် လိုက်နာဆောင်ရွက်ရန်အချက်များ၊ စည်းကမ်း ဖောက်ဖျက်မောင်းနှင်မှုများကြောင့် သေဆုံးဒဏ်ရာရရှိမှု အခြေအနေများ၊ ယာဉ်မောင်းလိုင်စင် အမျိုးအစား (၁၂) မျိုးနှင့် ပတ်သက်၍ သိရှိရမည့်အချက်များ၊ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် အရေး ယူဆောင်ရွက်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အသိပညာဟောပြောပွဲသို့ မြို့နယ်ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး/စာရေးများ၊ မော်တော်ယာဉ်မောင်းနှင်သူများ၊ ဒေသခံပြည်သူများ  တက်ရောက်ခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)