MNP ၊ စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ အပတ်စဉ် (၂၉) သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်/ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ယင်းသင်တန်းကျောင်း၏ ကျောင်းအုပ် (စီမံ) ဒေါ်ချိုချိုအောင်က ဦးဆောင်းအပ်နှင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၂) ဦးအား ဂျူတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းချီးမြှင့်ကြပြီး သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုကာ ကရုဏာအလင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် ပညာရည်ချွန်ဆုရရှိသူများကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ပြည်ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်တို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဆက်
https://t.me/MyanmarNationalPost
No comments:
Post a Comment