MNP ၊ စက်တင်ဘာ ၁၃
မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ တက္ကသိုလ်များမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ နေပြည်တော်မသန်စွမ်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှာရှိသည့် လူငယ်များဘက်စုံဖွံ့ဖြိုးပြီး ဗလငါးတန်နှင့်ပြည့်စုံအောင် လူငယ်ကဏ္ဍကို တိုးတက်အောင်ဆောင်ရွက်ရာတွင် ကော်မတီအဖွဲ့ဝင်အားလုံး သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ဟန်ချက်ညီညီဖြင့် ကော်မတီဝင်အချင်းချင်း ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်ကြရမှာဖြစ်ကြောင်း၊ လူငယ်ရေးရာကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်က အထူးအလေးထား ဂရုတစိုက်ဆောင်ရွက်နေတာဖြစ်သည့်အတွက် နေပြည်တော်အတွင်းရှိ ကော်မတီဝင်များအနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူဝါဒများ၊ မဟာဗျူဟာစီမံချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အထူးအလေးထားကာ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်မှ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို power point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ လူငယ်ရေးရာတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်း က နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဆောင်ရွက်မှုအခြေအနေများကို power point ဖြင့်လည်းကောင်း၊ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က တင်ပြချက်များအား ဖြည့်စွက်ဆွေးနွေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြဆွေးနွေးမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး လူငယ်ရေးရာလုပ်ငန်းများ အောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment