MNP ၊ စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၅၄ ရပ်ကွက် ဇွဲကပင်လမ်းမပေါ်သို့ ကုက္ကိုပင်လဲကျနေကြောင်းသတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေ ၄ နာရီ ၃ မိနစ်တွင် ရှင်းလင်းဖယ်ရှားပေးခဲ့ကြးကြောင်း သတင်းရရှိသည်။
အဆိုပါလဲကျနေသည့် ကုက္ကိုပင်သည် ပင်စည်လုံးပတ် ၃ ပေပတ်လည်ခန့်၊ အရှည် ၂၅ ပေရှိပြီး ကုက္ကိုပင်လဲကျနေမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သတင်းပေးပို့ချက်အရ ဒဂုံမြို့သစ် (တောာင်ပိုင်း) မြို့နယ်မီးသတ်ဦးစီးဌာန မြိုနယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်သူ ဦးဆောင်ကာ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၁၅) ဦး အရန်မီးသတ်တပ်ဖွဲဝင် (၅)ဦးတို့ဖြင့် သွားရောက်ရှင်းလင်း ဖယ်ရှားပေးကြောင်း သိရသည်။
အဆိုပါ ကုက္ကိုပင်လဲကျမှုကြောင့် လူနေအိမ် ထိခိုက်ပျက်စီး ဆုံးရှုံးမှုနှင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာမရှိကြောင်း သိရသည်။
သန်းသန်းအေး
https://t.me/MyanmarNationalPost
No comments:
Post a Comment