(၃၀)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံ ဆွေးနွေးပွဲ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၀)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံ ဆွေးနွေးပွဲ ဆက်လက်ကျင်းပ




MNP ၊ စက်တင်ဘာ ၂၇

(၃၀)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ် တပ်မတော်ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာအသုံးပြုခွဲစိတ် လေ့ကျင့်ရေးခန်းမ ဆောင်၌ ဆက်လက်ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ဆေးသုတေသနတပ် တပ်မှူး၊ တပ်မတော် ဆေးကက္ကသိုလ် အရိုးရောဂါပညာဌာန ပါမောက္ခ/ဌာနမှူး၊ တပ်မတော်မှအရိုး အထူးကုဆရာဝန်များ၊ အိန္ဒိယနိုင်ငံမှ လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမိုဟစ်ရှာမားနှင့် တပ်မတော်ဆေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)၊ ဆေးတက္ကသိုလ်(၂)၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)တို့မှ အရိုးရောဂါပညာ ဆေးလက်တွေ့ပါရဂူနှင့် ဘွဲ့လွန်သင်တန်းသားများ တက်ရောက် ကြသည်။

Pre-Conference Workshop တွင် ပြည်တွင်း/ပြည်ပမှ အတွေ့အကြုံ ရင့်ကျက်သည့် ပါမောက္ခပညာရှင်ကြီးများမှ တက်ရောက်လာကြသူများ အားလုံးကို ပြုပြင်အစားထိုး ခွဲစိတ်ကုသမှု နည်းစနစ်များ၊ အယူအဆ အတွေးအခေါ်ပိုင်းကို အခြေခံ၍ လက်တွေ့ လုပ်ကိုင်နိုင်သည်အထိ သက်မဲ့ဆရာ (Silent Mentor) များကို အသုံးပြု၍ လက်တွေ့သရုပ်ပြသင်ကြားဆွေးနွေးခြင်းနှင့် Online မှတစ်ဆင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အရိုးဆရာဝန်များအား Webinarတွင် တိုက်ရိုက် ထုတ်လွှင့်၍ သင်ကြားမှုများ ၂ ရက်ကြာ ပြုလုပ်ခဲ့သည်။ ဤအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် မြန်မာ့တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ အရိုးပါရဂူငယ်များ၊ ဘွဲ့လွန်ကျောင်းသားများနှင့်  ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ ဆေးတက္ကသိုလ်များမှ ဘွဲ့လွန်ကျောင်းသား/ကျောင်းသူများအနေဖြင့် စစ်ဘက်နယ်ဘက်မှ ပါမောက္ခဆရာဝန်ကြီးများ၊ ပြည်ပမှ ပညာရှင်ကြီးများနှင့် တိုက်ရိုက်ထိတွေ့ သင်ကြားဆွေးနွေးနိုင်ခဲ့ပြီး သက်မဲ့ဆရာ (Silent Mentor) အသုံးပြုလက်တွေ့ လေ့ကျင့်နိုင်ခဲ့ခြင်းကြောင့် အရိုးရောဂါပညာ အစားထိုး ခွဲစိတ်ကုသမှုနယ်ပယ်အနေဖြင့် နိုင်ငံတကာအဆင့်သို့ တက်လှမ်းလာသော ကဏ္ဍတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)