ရွှေတောင်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ဆန်၊ဆီ များရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ဆန်၊ဆီ များရောင်းချ





MNP ၊  စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ယွန်းတန်းရပ်ကွက် ၊သရက်တောရပ်ကွက်နှင့် နွားမယံကျေးရွာအုပ်စု တို့တွင် ယမန်နံနက်ပိုင်းကကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ဆန်၊ဆီ များရောင်းချပေးခဲ့ကြောင်းသိရသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်း အောင် ၏ ကြီးကြပ်မှုဖြင့် ရွှေတောင်မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ဆန် ( ၁) ပြည်လျှင် ( ၂၅၀၀)ကျပ်နှုန်းဖြင့် ဆန်အိတ်( ၅၀) အိတ်၊ ဆီ( ၁) ပိဿာလျှင် ( ၄၄၀၀)ကျပ်နှုန်းဖြင့် (၁၁၀၀)ပိဿာတို့ကိုရောင်းချပေးခဲ့ရာ အဆိုပါ ဆန်၊ဆီရောင်းချပေးခဲ့သည့်နေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း နှင့်ဝန်ထမ်းများ၊ရွှေတောင်မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များက ဒေသခံပြည်သူများ ကိုစနစ်တကျ ရောင်းချပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)