ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက် ပေးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက် ပေးလျှက်ရှိ




MNP ၊  စက်တင်ဘာ ၄

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် မိခင် နှင့် ကလေး စောင့်ရှောက်ရေး အသင်း အဖွဲ့ရုံး နှင့် သတ်မှတ်စုရပ်နေရာ တို့ တွင် ကျန်းမာရေးဝန်ထမ်းများက ကထိုးနှံပေးလျက်ရှိကြသည်။  


ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ထမ်းများမှ  ရပ်ကွက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင် နှင့် အသက် (၂) နှစ် အောက် ကလေးများ အား  အဆုတ်ရောဂါ ကာကွယ် ဆေး၊ ငါးမျိုး စပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ ၊ ဦးနှောက် အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက် ဆေးနှင့်ထိုးဆေး၊ မေးခိုင် ရောဂါ ကာ ကွယ် ဆေး၊ ဝမ်းရောဂါ ကာ ကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း များ ကို အလှည့်ကျ စနစ်ဖြင့် ပုံမှန်ကာကွယ်ဆေးထိုး နှံပေးလျှက်ရှိကြောင်း သိရသည်။


 အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မောင်တောမြို့နယ်အတွင်းရှိ အသက် (၂)နှစ် အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး ဝန် ထမ်း ဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက် ကျေးရွာများရှိ စုရပ် အသီးသီးတွင် ပုံမှန် ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းများကို  ဆောင်ရွက်ပေးလျက်ရှိပြီး  အပတ်စဉ် တနင်္လာနေ့တိုင်း မိခင် နှင့် ကလေး စောင့် ရှောက် ရေး အသင်း အဖွဲ့ရုံး တွင် လည်း ထိုးနှံ ပေး လျက်ရှိကြောင်း  သိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)