ကျိုင်းလပ်မြို့၌ ပန်းခင်းစီမံချက်အဆင့်-၂ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျိုင်းလပ်မြို့၌ ပန်းခင်းစီမံချက်အဆင့်-၂ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

89


MNP ၊  စက်တင်ဘာ  ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက် အဆင့်-၂ဖြင့် နိုင်ငံသားကတ်ပြားမရရှိသေးသော ပြည်သူများအား နိုင်ငံသားကတ်ပြားရရှိနိုင်ရေးအတွက် ရပ်ကွက် (၃)၊ ဝမ်ကျင်းဘုန်းကြီးကျောင်းဆောင်၌ ယနေ့နံနက် (၉) နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျိုင်းလပ်မြို့ရှေ့တန်းရုံး တာဝန်ခံဒုလဝကမှူး၊ ဦးငွေထွန်းနှင့် ဝန်ထမ်းများက နိုင်ငံသားဖြစ်သူတိုင်း နိုင်ငံသားကတ်ပြားရရှိနိုင်ရေးအတွက် စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက်/ကျေးရွာများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး သတ်မှတ်ရက်များအလိုက် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ခံဒုလဝကမှူးထံမှ သိရသည်။


စန်းစန်းမြင့်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages