MNP ၊ စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင် မြို့နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း ကျောင်းသား / ကျောင်းသူ များအား ကျောင်းတွင်းဘာသာရပ်များ သင်ကြားမှုအပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးနှင့်ပတ်သက်သည့်ကျောင်းပြင်ပကွင်းဆင်းလေ့လာရေးခရီးပို့ဆောင်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၏ စီစဥ်ကြီးကြပ်မှုဖြင့်ရွှေတောင်မြို့နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း မှ ကျောင်းသားကျောင်းသူ (၅၉)ဦးတို့အား ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းနှင့်ဆရာ/ ဆရာမ များ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးမျိုးအောင် နှင့်ဝန်ထမ်းများ၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များလိုက်ပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက် သည့်ကျောင်းပြင်ပကွင်းဆင်းလေ့လာရေးခရီးပို့ဆောင်ပေးခဲ့ရာ ပြည်မြို့နယ်အတွင်းရှိ ဖြစ်ထွန်းအောင်မြင်လျက်ရှိသော နေကြာစိုက်ခင်းများ၊ဝါစိုက်ခင်းများ၊မှော်ဇာပြတိုက်၊ပြည်ရွှေဆံတော်ဘုရားနှင့်ရွှေတောင်မြို့နယ် ဖိုးခေါင်ကျေးရွာရှိ ကြက်မွေးမြူရေးခြံနှင့် ကသဲတန်းလမ်းအတွင်းရှိ နွားမွေးမြူရေးခြံနှင့်နေပီယာမြက် စိုက်ပျိုးထားရှိမှုအခြေအနေများကို လေ့လာရေး ကွင်းဆင်း ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment