(အ.ထ.က)မြစ်သား ကျောင်းစာကြည့်တိုက်အတွက် စာရေးဆရာ ဦးစိုးမြင့်မှ စာအုပ်များ လှူဒါန်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

(အ.ထ.က)မြစ်သား ကျောင်းစာကြည့်တိုက်အတွက် စာရေးဆရာ ဦးစိုးမြင့်မှ စာအုပ်များ လှူဒါန်း

70

71


MNP ၊  စက်တင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်တွင် အခြခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က (အ.ထ.က)မြစ်သား ကျန်စစ်သားခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ကျောက်ဆည်မြို့ စာရေးဆရာ ဦးစိုးမြင့်မှ စာအုပ်များ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးများ စာဖတ်လာစေခြင်း၊ အသိဥာဏ်များ ပိုမိုကြွယ်ဝလာစေရေး၊ ကလေးများပညာရေး မြင့်မားလာစေရေးနှင့် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေး ဘာသာရပ်မေဂျာကို မယူသော်လည်း စိုက်ပျိုးဘာသာရပ်ကို နားလည်စေခြင်း သဘောတရားအကြောင်း၊ စိုက်ပျိုးရေးစာအုပ်များ၊ သုတ/ရသ စာအုပ်များ စုစုပေါင်း(၁၀၀)အုပ် လှူဒါန်းခဲ့ပါသည်။ ထို့နောက် (အ.ထ.က) မြစ်သားကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အလှူရှင်မှ ကျောင်းအုပ်ဆရာမကြီးထံ စာအုပ်များ လွှဲပြောင်းပေးအပ်ကာ အလှူရှင်အား ကျောင်းအုပ်ဆရာမကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ စာအုပ်လှူဒါန်းပွဲသို့ ကျောက်ဆည်မြို့ စာရေးဆရာဦးစိုးမြင့်၊ (အ.ထ.က) မြစ်သားကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာနှင့် ဆရာ/ဆရာမများ ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဝင်းမင်းထွန်း 

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages