MNP ၊ စက်တင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အ-ထ-က(လဲချား)ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ကျောင်းသား/သူများအနေဖြင့် အထိမ်းအမှတ်နေ့နှင့် နေ့ထူးနေ့မြတ်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန်အတွက် စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် နိုင်ငံတကာစာတတ်မြောက်ရေး ပေါ်ပေါက်လာပုံနှင့် မြန်မာနိုင်ငဲအနေဖြင့် ပါဝင်ဆောက်ရွက်ခဲ့ပုံများကို အပိုင်း(၃)ပိုင်းဖြင့်လည်းကောင်း၊ ဒုမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မြမြသန်းမှ လူတိုင်းစာတတ်မြောက်ဖို့လိုကြောင်း၊ လိုက်နာဆောင်ရွက်သင့်သည့် အကြောင်းအရာများ၊ ဆရာမဒေါ်စိုးဝင်းနွယ်မှ ပညာကိုစနစ်တကျလေ့လာဆည်းပူးသင့်ကြောင်းကို အသိပညာဗဟုသုတရရှိစေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment