ပုဏ္ဏားကျွန်းမြို့၌ စနစ်ကျအဆင့်မြင့်စက်မှုလယ်ယာဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပုဏ္ဏားကျွန်းမြို့၌ စနစ်ကျအဆင့်မြင့်စက်မှုလယ်ယာဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

89

90

91


MNP ၊  စက်တင်ဘာ  ၁၅

          ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် စနစ်ကျအဆင့်မြင့်စက်မှုလယ်ယာဖော်ထုတ် ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့၊ နေ့လည် ၁၁ နာရီက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက စနစ်ကျလယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ပြီး၊ စနစ်ကျအဆင့်မြင့်စက်မှုလယ်ယာမြေဖော်ထုတ်ခြင်းအားဖြင့် ရရှိသည့်တောင်သူများ၏ အကျိုးကျေးဇူးကို Video Clips ဖြင့်ရှင်းလင်းပြသခဲ့သည်။


ဆွေနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး၊ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။


 ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် ရခိုင်ပြည်နယ် စက်မှု လယ်ယာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူတို့က ကွန်းတောင်ကျေးရွာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စနစ်ကျအဆင့်မြင့်စက်မှုလယ်ယာဖော်ထုတ်ရေးလုပ်ငန်း စဉ်များအား ချပြဆွေးနွေးခဲ့ကြပြီး၊ စနစ်ကျအဆင့်မြင့်စက်မှုလယ်ယာဖော်ထုတ်မည့် လယ်မြေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages