MNP ၊ စက်တင်ဘာ ၄
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ ၊အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း အောင်သူရိန်ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူကုန်ကူးမှု ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးမှ အဖွင့် အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့မစခန်းမှူး ဒုရဲမှူး ဟန်ထွန်းကျော်က လူကုန်ကူးမှုဖြစ်ပေါ် ရသည့်အကြောင်းအရင်းများ၊အမျိုးသမီးများအပေါ် လူကုန်ကူးမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့ရင်ဆိုင်နေရသော ပြဿနာများ၊ လူကုန်ကူးမှုကာကွယ်တားဆီးရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုနှင့်လူမှောင်ခိုတို့၏ ကွဲပြားမှုနှင်အင်္ဂါရပ်များကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်မွန်မွန်အောင်က လူကုန်ကူးမှုကာကွယ်တားဆီးရေးနှင့်ပတ်သက်သည့် ဥပဒေပြ ဋ္ဌာန်းချက်များ၊ ဒုတိယတရားသူကြီး ဦးအောင်မျိုးသန့်က ပြစ်မှုနှင့်ပြစ်ဒဏ်များကို ရှင်းလင်းပြော ကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အင်ကြင်းခင်ဇော်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၁၇၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment