လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြေတိုင်း-၅ ရာထူးနေရာများ အရည်အချင်းစစ် ရေးဖြေစာမေးပွဲများကျင်းပ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၇၈) ဦးဖြေဆို - MyanmarNationalPost

.com/img/a/

News Agency

demo-image

လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြေတိုင်း-၅ ရာထူးနေရာများ အရည်အချင်းစစ် ရေးဖြေစာမေးပွဲများကျင်းပ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၇၈) ဦးဖြေဆို

68


MNP ၊  စက်တင်ဘာ  ၃၀

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြေတိုင်း-၅ရာထူး နေရာများအတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ သတ်မှတ်စာဖြေ‌ဌာနများတွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး စာဖြေဌာန မုံရွာမြို့တွင် (၇၈) ဦး လာရောက်ဖြေဆိုခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။


အဆိုပါ ရာထူးနေရာများအတွက်ခန့်ထားနိုင်ရေး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးသို့ ဖြေဆိုရန် လျှောက်ထားသူ(၁၁၀) ဦးရှိခဲ့ပြီး လာရောက်ဖြေဆိုသူ (၇၈) ဦးရှိကြောင်း သိရသည်။


အရည်အချင်းစစ်ရေးဖြေစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ ဘာသာရပ်(၃)ခုကို အမှတ်(၅၀)စီဖြေဆိုကြရပြီး ရေးဖြေစာ‌မေးပွဲအောင်မြင်သူများကို နေပြည်တော်နှင့်  သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊  အသီးသီးတို့တွင် လူတွေ့စစ်ဆေးခြင်းများ ဆောင်ရွက်သွား‌မည်‌ဖြစ်ကြောင်း သိရှိရပြီး စာမေးပွဲစစ်ဆေးခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages