ပေါင်မြို့နယ်၌အမှတ်(၂)ပညာရေးဝန်ထမ်းများငွေစုငွေချေးသမဝါယမအသင်းလိမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌အမှတ်(၂)ပညာရေးဝန်ထမ်းများငွေစုငွေချေးသမဝါယမအသင်းလိမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပ







MNP ၊  စက်တင်ဘာ  ၂၀

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌အမှတ်(၂)ပညာရေးဝန်ထမ်းများငွေစုငွေချေးသမဝါယမအသင်းလိမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကိုယနေ့မွန်းလွဲ (၁)နာရီက (အထက) ပေါင် ရွှေရတုခန်းမ၌ကျင်းပခဲ့သည်။


ရှေးဦးစွာ  ဒုတိယမြို့နယ်ပညာရေးမှူး ‌သဘာပတိ ဦးမင်းညွန့်တင်က ယခုဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ထားသည့် လုပ်ငန်းများကို လုပ်ထုံးလုပ်နည်း၊စည်းကမ်းနှင့်အညီ လုပ်ဆောင်နေသည့်အတွက် အသင်းရေရှည်တိုးတက်အောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လိုက်နာလုပ်ကိုင်ကြရန် အမှာစကားပြောကြားခဲ့သည်။


ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး က သမအသင်း၏ ငွေစုငွေချေးလုပ်ငန်းသည် ပညာရေးဝန်ထမ်းများအတွက်ဖြစ်၍ အကျိုးရှိစွာအသုံးပြုကြဖို့လိုအပ်ပါကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့် အပြောင်းအလဲများရှိနေသည့်အတွက် အသင်းမဝင်ရောက်ရသည့် ဝန်ထမ်းများကလည်း အသင်းဝင်ရောက်နိုင်ပါကြောင်း၊အသင်းဝင်‌ကြေး ငွေကျပ် (၅၀၀၀/-)ကျပ်ထည့်ဝင်၍ အသင်းဝင်နိုင်ပါကြောင်း၊စုဆောင်းငွေ၏ တန်ဖိုး (၃)ဆ အားအတိုး တစ်ကျပ်နှုန်းဖြင့်ပြန်လည်၍ ငွေထုတ်ချေးနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက်တာဝန်ရှိသူများက ငွေစာရင်းရှင်းတမ်းဖတ်ကြားခြင်းကိုလည်းကောင်း၊အသင်းသားစာရင်းစစ်အစီရင်ခံစာဖတ်ကြားခြင်းကိုလည်းကောင်း၊ အသင်းသားများ၏ သားသမီးများအား ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား/သူ (၃)ဦးအား ဆုများချီးမြှင့်ပေးခြင်းကိုလည်းကောင်း၊ စုဆောင်းငွေအများဆုံး အသင်းသားဆု (၃) ဦးအားဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)