လယ်ဝေးမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း၂၉၃၆ဦးအား ဆန်နှင့်ဆီများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း၂၉၃၆ဦးအား ဆန်နှင့်ဆီများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး




MNP ၊  စက်တင်ဘာ  ၃၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များအသင်းဝင်ဆန်စက်နှင့်ဆီအရောင်းဆိုင်များမှ  ယမန်နေ့မွန်းလွဲ၁နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဆန်နှင့်ဆီများ ရောင်းချပေးခဲ့သည်။


အဆိုပါရောင်းချပေးရာသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း၂၉၃၆ဦးအား ဆန်လေးပြည်အိတ် တစ်အိတ်လျှင် ၁၄၀၀၀ကျပ်နှုန်းဖြင့် ဆန် အိတ်ပေါင်း ၂၉၃၆အိတ်၊၊ ဆီတစ်ပိဿာလျှင် ၅၁၀၀ ကျပ်နှုန်းဖြင့် ၂၉၃၆ ပိဿာအား ရောင်းချပေးခဲ့သည်။လယ်ဝေးမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား ဆန်နှင့်ဆီများကို စျေးနှုန်းသက်သာစွာဖြင့် လစဉ်ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။


ဝေကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)