ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ကိုင်ဟာဗက်ဇ်နဲ့ ပတ်သက်ပြီး အာတီတာပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ကိုင်ဟာဗက်ဇ်နဲ့ ပတ်သက်ပြီး အာတီတာပြောကြား



MNP - စက်တင်ဘာ  ၄


အာဆင်နယ်အသင်းနည်းပြ မီခဲလ် အာတီတာက နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေတာနဲ့ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်၇ခဲ့တဲ့ ပွဲအပြီး အင်တာဗျူးမှာ ပြောကြားခဲ့သည်။


မီခဲလ် အာတီတာက "မနေ့ကတောင် ကျနော်သူ့(ကိုင်ဟာဗက်ဇ်)ကို အခုလို ပြောခဲ့သေးပါတယ်၊ အစဆိုတာ ဒီလိုဘဲ ခက်ခဲတယ်ကွ၊ ငါဆိုလည်း ငါ့ချစ်ဇနီးနဲ့ စတွေ့တုန်းဆို သူ့ကို ပိုင်ဆိုင်ခွင့်၇ဖို့ ခက်ခက်ခဲခဲကို ကြိုးစားခဲ့ရတာလေ၊ ဒါပေမယ့်လည်း ငါလက်မလျော့ဘဲ မက်ဆေ့ချ်တွေ အထပ်ထပ်ပို့ပြီး တစ်ကြိမ်ပြီးတစ်ကြိမ် ကြိုးစားခဲ့တယ်၊ အဆုံးသတ်မှာတော့ သူငါ့ကို "Yes"လို့ ပြောခဲ့ပြီး ငါတို့အတူတူ ဘဝခရီးကို ထူထောင်နိုင်ခဲ့ကြတယ်၊ ဒါဟာ သိပ်ကိုမှ လှပပါတယ်"ဟု ပြောကြားခဲ့ပါသည်။


အဆိုပါ အသက် ၂၄နှစ်အရွယ် ဂျာမန်ကြယ်ပွင့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၄ပွဲလုံး ပွဲထွက်စာရင်းမှာ ပါဝင်ခဲ့ ပုံမုန်ခြေစွမ်းရဖို့ ရုန်းကန်နေရတာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ၃ဂိုး၊ ၁ဂိုးဖြင့် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း သူ့(ဟာဗက်ဇ်)ရဲ့ အမှားကနေတစ်ဆင့် မန်ယူတို့ တန်ပြန်တိုက်စစ် စတင်ခဲ့ပြီး ဂိုးခွင့်ပြုပေးခဲ့ရတာဖြစ်ပါသည်။


souce - Sky Sports


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)