နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မချမ်းဘောမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

.com/img/a/

News Agency

demo-image

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မချမ်းဘောမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ

024

025

026

027

029

030

033

036

MNP ၊ စက်တင်ဘာ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပူတာအိုမြို့ မြို့မရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်သူများ ပူးပေါင်းဖွင့်လှစ်သည့် သား/ ငါးနှင့် အခြေခံစားသောက်ကုန်များကို သက်သာဈေးဖွင့်လှစ် ရောင်းချနေမှုကိုကြည့်ရှု၍ ဈေးရောင်း/ ဈေးဝယ် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် အခြေခံစားသောက် ကုန်များ ဝယ်ယူ ထောက်ပံ့ပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မချမ်းဘောမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီမြတ်ကြီးသို့ ရောက်ရှိပြီး စေတီတော်မြတ်အား ဖူးမျှော်ကြည်ညို၍ စေတီတော်ကြီးဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် နဝကမ္မ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ကောင်းမှုလုံကျေးရွာအတွင်း မလိခမြစ်ကမ်းဘေးရှိ ကောင်းမှုဆုံစေတီတော်ဝင်း အတွင်း နဂါးစေတီ (၁၀၈) ဆူတည်ထားကိုးကွယ်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး ဝန်းသို ကျောင်း တိုက်ဆရာတော်အမှူးပြုသော ဆရာတော်/ သံဃာတော်များအား ဖူးမျှော်ကြည်ညိုကြ၍ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းကာ နဂါးစေတီ တော်(၁၀၈)ဆူ တည်ထားကိုးကွယ်မည့် သတ်မှတ်နေရာများ၌ ဆရာတော်ကြီးများက ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများက ပန္နက်တင်ပေးကြသည်။

ယင်းနောက် မချမ်းဘောမြို့နယ်၊ နမ်ခမ်းကျေးရွာအတွင်း ငါးမွေးမြူရေးကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး  ငါးသား ပေါက်စခန်းအပြင် ငါးကန်များကို ဥပဒေနှင့်အညီ တူးဖော်ပေးနိုင်ရေး၊ စနစ်တကျ မွေးမြူလုပ်ကိုင် နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ငါးဦးစီးဌာနတို့ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ငါးကန်များ တူးဖော်အသုံးပြုထားရှိမှုတို့ကို လည်းကောင်း၊ အဆိုပါ ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၁၀ သိန်းဖြင့် တောင်သူ ဦးခေါင်လန်ဒဂုံ၏ ဒဂုံမိသားစု ငါးမွေးမြူရေးကန်ကိုလည်းကောင်း၊  အခြေခံပညာ အထက်တန်းကျောင်းခွဲ (နမ်ခမ်း)၌ ကျောင်းဝင်းအတွင်း တည်ထောင်ထားသည့် ဂရိတ်ဖရုခြံကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ကျောင်းစာသင်ခန်းများတွင် စာသင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

ထိုမှတစ်ဆင့် အင်ဘူးဘော့ကျေးရွာသို့ ရောက်ရှိပြီး ဒေသခံတောင်သူများအား ရင်းရင်း နှီးနှီးတွေ့ဆုံအားပေးကာ မိုးစပါးစိုက်တောင်သူများအတွက် ယူရီးယား ဓာတ်မြေသြဇာအိတ်များကို ထောက်ပံ့ပေးအပ်ကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ တောင်သူအသိပညာပေး သဘာဝမြေသြဇာပြုလုပ်ပုံအဆင့်ဆင့် သရုပ်ပြခြင်းနှင့် မျိုးစေ့ထုတ် ဆင်းဧကရီ-၃ အထွက်တိုး မိုးစပါးစံပြစိုက်ကွက်အတွင်း သဘာဝမြေသြဇာမြေဆွေးကြဲပက်မှုများကို လည်းကောင်း၊ ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၁၅ သိန်းဖြင့် ဆောင်ရွက်ထားသည့် တောင်သူ ဦးနန်မွန်ထင်၏ ဂရိတ်ဖရုစိုက်ပျိုးရေးခြံကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြကာ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများအား နည်းပညာလိုအပ်ချက်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ထောက်ပံ့ငွေ များကို ပေးအပ်သည်။

ထိုမှတစ်ဆင့် မချမ်းဘောမြို့ ဂူဘားရိပ်သာသို့ ရောက်ရှိရာ ဒေသခံဂျိမ်းဖောမျိုးနွယ်စု၊ ရဝမ်မျိုးနွယ်စုနှင့် လီဆူမျိုးနွယ်စုများက တိုင်းရင်းသားရိုးရာ မဂွန်းရှလစ်ဖြင့် လက်ဆောင် ပေးအပ်မှုကို လက်ခံရယူပြီး ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။

ထို့နောက် မချမ်းဘောမြို့ ဂူဘားခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ် ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စိုက်ပျိုးမွေးမြူရေးတောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ကို ရေးဆွဲချမှတ်ပြီး နိုင်ငံတော်  ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်း မှုရရှိရေးကို အလေးအနက်ထား ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အထူးသဖြင့် နိုင်ငံတော်၏ နိုင်ငံ ရေး ရည်မှန်းချက်ဖြစ်သည့် စစ်မှန်ပြီးစည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် မိမိတို့ ပြည်သူတစ်ဦးချင်းစီက အတူတကွဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံများက ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ် ချက်များကို တင်ပြကြရာ ခရိုင်အဆင့်ဌာနဆိုင်ရာများက တင်ပြထားသည့် လုပ်ငန်းစီမံကိန်းများ နှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်း စီမံကိန်းများနှင့် လိုအပ် ချက်များအပေါ် ဖြည့်စွက်ရှင်းလင်းပြောကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များအတွက် အမှတ်တရ လက်ဆောင်များနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/ အဖွဲ့များ၊ လူမှုကူညီရေး အသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မချမ်းဘောမြို့ အမှတ်(၃)ရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်  ၁၀ သိန်းဖြင့် ငါးမွေးမြူ ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တောင်သူ ဦးမိုးအောင်၏ ငါးကန်များ၌ ငါးမွေးမြူမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

       

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages