MNP ၊ စက်တင်ဘာ ၇
ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် (၂၄ )ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊အရေး ၊အတီး ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေခန်းမ၌ကျင်း ပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို ၊ အက ၊အရေး ၊အတီးပြိုင်ပွဲခရိုင်အဆင့်ဖွင့်ပွဲအခမ်း အနားကို ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ နှင့် တာဝန်ရှိသူများကဖဲ ကြိုး ဖြတ်ဖွင့်လှစ်ပြီး အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဇော်ထက်က( ၂၄) ကြိမ်မြောက် အဆို ၊ အက ၊ အရေး ၊အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမ်းမြို့နယ်မှ အဆိုဝါသနာရှင်ဦးမောင်သာညွန့် က "လုလင်ငယ်သွေး"တေးသီချင်းဖြင့်လည်းကောင်း အကနည်းပြဆရာမ ဒေါ်ခင်မာဆန်းမှ" ရွှင်လန်းနိုင်ကြပါစေ" တေးသီချင်း ဖြင့် ကပြ ဖျော်ဖြေပေးခဲ့ကြကြောင်းသိရ
သည်။
ဆက်လက်၍(၂၄) ကြိမ်မြောက် ခရိုင်အဆင့်အဆို ၊ အက ၊ အရေး ၊အတီးပြိုင် ပွဲကျင်းပြုလုပ်ရာ အသက် ၁၀ နှစ်မှ ၁၅ နှစ်ခေတ် ဟောင်း ကာလပေါ်တေးသီ ချင်းနှင့်အတီး ၊ အသက် ၁၅ နှစ် မှ ၂၀ နှစ် ခေတ် ဟောင်းကာလပေါ် တေးသီ ချင်း၊ဝါသနာ ရှင်(ဒုတိယ)တန်း (မဟာဂီတ) ၊ ဝါသနာရှင် ဒုတိယတန်း (ခေတ် ဟောင်းကာလ ပေါ်) နှင့် အမျိုးဂုဏ် ဇာတိဂုဏ်သီချင်းများဖြင့် ဝါသနာရှင်များ ၊ကျောင်းသား၊ ကျောင်းသူ စုစု ပေါင်း(၁၆ )ဦး ပါဝင်ယှဉ် ပြိုင် လျက်ရှိကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment