MNP ၊ စက်တင်ဘာ ၂၈
အကြိမ်(၃၀)မြောက်၊ မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၏ အကြို အလုပ်ရုံဆွေးနွေးပွဲ (Pre-conference Workshop) ၂ ခု ကို စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ တပ်မတော် ဆေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ဆေးပညာရပ်ဆိုင်ရာ ဖလှယ်ပွဲအား အောက်တိုဘာလ ၃ ရက်မှ ၅ ရက်အထိ ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံ(ခုတင်- ၇၀၀)၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
အဆိုပါဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ၌ သုတေသနစာတမ်း ၇၂ စောင်၊ သုတေသနလုပ်ဆောင်ချက်ပိုစတာ ၁၁၄ ခု၊ Symposium of the Conference တစ်ခု၊ Major Symposium တစ်ခု ၊ Symposium ၂၁ ခု၊ Clinicopathological Conference တစ်ခု၊ Clinical Session တစ်ခု၊ Special Talk ၁၀ ခု၊ Debate တစ်ခုတို့ကို ပြည်တွင်း/ ပြည်ပမှ သုတေသီများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူ/ဆေးမှူးများနှင့် သူနာပြုများက ဖတ်ကြားတင်သွင်း ဆွေးနွေး ကြမည်ဖြစ်ပါသည်။
ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြား ထားသည့် အငြိမ်းစားအရာရှိကြီး/ အရာရှိများ၊ ပါမောက္ခဆရာကြီး/ ဆရာမကြီးများ၊ နှီးနှောဖလှယ်ပွဲ အစီအစဉ်တွင် ပါဝင်သည့် အရာရှိကြီး/ အရာရှိများ၊ Symposium/ စာတမ်း/ ပိုစတာ Present ပြုလုပ်မည့်သူများမှအပ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိသည့် အငြိမ်းစားအရာရှိကြီး/ အရာရှိများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိ များနှင့် သူနာပြုများအနေဖြင့် Online မှ တက်ရောက်နိုင်မည်ဖြစ်ပြီး www.dsmrdc.org တွင်ဝင်ရောက်ကြည့်ရှု၍ Registration ပြုလုပ်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment