ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၃ အနီးရှိ ၅၀၀ ကေဗွီ ကံကောင်းဓာတ်အား ခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ၇၃ ရာခိုင်နှုန်းကျော် ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၃ အနီးရှိ ၅၀၀ ကေဗွီ ကံကောင်းဓာတ်အား ခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ၇၃ ရာခိုင်နှုန်းကျော် ပြီးစီး


MNP ၊ စက်တင်ဘာ ၂၄

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယမန်နေ့က ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၃ အနီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ယာယီရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမျိုးနိုင်နှင့် တာဝန်ရှိ သူများက ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ စပါးကြွယ်ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က ယခုစီမံကိန်းသည် နိုင်ငံ၏လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကဏ္ဍတွင် အရေးပါသောစီမံကိန်းဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက် ရာတွင် ဆောင်ရွက် ရန်ကျန်လုပ်ငန်းများအလိုက် ပြီးစီးရမည့်အချိန် ဇယားများရေးဆွဲထားပြီး ၎င်းအချိန် ဇယား များအတိုင်း သတ်မှတ်ချိန်ပြီးစီးနိုင်ရေး အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ရာ တွင်လည်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဓာတ်အားခွဲရုံမြေ နေရာများကိုလည်း ဌာနပိုင်အမည်ပေါက်ရရှိရေး ဟန်ချက်ညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စီမံကိန်းများကို ဆောင်ရွက်လျက်ရှိရာမှ အခက်အခဲများကြောင့် သက်တမ်းတိုးရန်လို အပ်ပါက သေချာတိကျ ခိုင်မာသည့် အချက်အလက်များဖြင့် ကြိုတင် သက်တမ်းတိုး တင်ပြသွားရန် လိုအပ်ကြောင်းမှာကြားပြီး စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် နေသော ဝန်ထမ်းများကို ဂုဏ်ပြုသစ်သီးခြင်းများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာ များနှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေ အနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။

ယခုဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံ စီမံကိန်းဖြစ်ကာ ၎င်းစီမံကိန်းပြီးစီးသွားသည်နှင့် နိုင်ငံမြောက်ပိုင်းတွင် တည်ရှိနေသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံ၏တောင်ပိုင်းသို့ ပြည့်ဝစွာပို့လွှတ်ဆောင်ရွက် နိုင်မည်ဖြစ်ပြီး ယခုအခါစီမံကိန်းတစ်ခုလုံး အနေဖြင့် ၇၃ ဒသမ ၁၇ ရာခိုင်နှုန်း ပြီးစီးလျက်ရှိပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စီမံကိန်းတစ်ခုလုံးရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)