MNP - စက်တင်ဘာ ၃
ပရီးမီးယားလိဂ်ပွဲစဉ် ၄အဖြစ် စနေနေ့(ယနေ့ည)မှာ ပွဲစဉ်နှစ်ပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပွဲကြီးပွဲကောင်းအဖြစ် အာဆင်နယ်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ပဲလေ့စ် - ဝုဖ် (မြန်မာစံတော်ချိန် ည ၇:၃၀)
ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ဝူဗာဟမ်တန်အသင်းတို့ဟာ ပဲလေ့စ်အိမ်ကွင်း ဆဲဟတ်စ်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဝူဗာဟမ်တန်ရဲ့ ကြွရွခြင်း မာဂုဏ်ဟာ ရက်လွန်သွားပါပြီ အဓိက ကွင်းလယ်ဒေါက်တိုင်တွေ တစ်ယောက်ချင်း ထွက်ခွာသွားအတူ ဝုဖ်ဟာ အရင်လို မဟုတ်တော့ပါဘူး။ပဲလေ့စ်ရဲ့ ကစားအားနှင့် အိမ်ကွင်း အားသာချက်ကသာ မျှော်လင့်စရာပါ။ပဲလေ့စ်ကပ်နိုင်မယ်။(ခန့်မှန်းရလဒ် ပဲလေ့စ် ၁ - ၀ ဝုဖ်)
လီဗာပူးလ် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ည ၇:၃၀)
လီဗာပုူးလ်အသင်းနှင့် အက်စတွန်ဗီလာအသင်းတို့ဟာ လီဗာပူးလ်အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။အူနိုင်းဗီလာဟာ ပြီးခဲ့တဲ့အပတ်က အဲဗာတန်ကို ရှယ်ကြမ်းပြခဲ့ပေမယ့် အန်ဖီးလ်မှာ ကြိုးကြာနီတို့ကို ချနင်းဖို့မဖြစ်ပါဘူး။ဂျာဂင်ကလော့ပ်ရဲ့ လီဗာပုူးလ်ကလည်း အသွင်သစ်နဲ့ အနိုင်ယူခြင်း ဖတ်စာကို ကျေညက်နေတယ်။လီဗာပူးလ်ရဲ့ ခံစစ်ပိုင်အားနည်းမှုနဲ့ အိုလီဝက်ကင်းန်ရဲ့ ရုန်းအားကြောင့် ဗီလာဂိုးရဖို့ ရှိပေမယ့် ကြိုးကြားတို့ကဘဲ အနိုင်ရမယ်။(ခန့်မှန်းရလဒ် လီဗာပူးလ် ၃ - ၁ အက်စတွန်ဗီလာ)
အာဆင်နယ် - မန်ယူ (မြန်မာစံတော်ချိန် ည ၁၀:၀၀)
အာဆင်နယ်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ အာဆင်နယ်အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နန်းကျဘုရင်နှစ်ပါးရဲ့ စီးချင်းထိုးဟာ ရှယ်ကြိမ်းလိမ့်မယ်။မန်ယူဘက်က လုရှော၊ဗာရန်းအပါ၀၀် မေဆင်မောင့်တို့ မပါဝင်နိုင်တာအပြင် အမ်းမရိတ်မှာ နောက်ဆုံး၅နှစ်ဆက် အနိုင်မရခဲ့တဲ့ မှတ်တမ်းကလည်း လစ်လျူရှုထားလို့ မရတာကြောင့် အခြေအနေတွေက အာဆင်နယ်ရဲ့ လက်ထဲမှာ ရှိနေတယ်။ပြီးခဲ့တဲ့အပတ်ကလို ပဲ့ကိုင်ရှင် အာတီတာရဲ့ ဦးနှောက်သာ ဗိုင်းရက်စ် ကိုက်မနေဖို့ လိုတာပေါ့။နှစ်သင်းပေါင်း အပြန်အလှန်သွင်းဂိုးများပြီး အိမ်ရှင်ဂန်းနားတို့ကဘဲ အနိုင်ရလဒ်ကို ပုံဖော်သွားလိမ့်မယ်။(အာဆင်နယ် ၃ - ၁ မန်ယူ)
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment